ylliX - Online Advertising Network
PDF ရိက္ခာသယ်သူများနှင့် ထောက်ပို့များ၏သတင်းကို ထောက်လှမ်းစုံစမ်းသည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ကြို့ပင်ကောက် PDF သတ်ဖြတ်

PDF ရိက္ခာသယ်သူများနှင့် ထောက်ပို့များ၏သတင်းကို ထောက်လှမ်းစုံစမ်းသည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ကြို့ပင်ကောက် PDF သတ်ဖြတ်


၂၉. ၁၁. ၂၀၂၄
Written by Nay Moe

PDF ရိက္ခာသယ်ယူပေးသူများနှင့် ထောက်ပို့များ၏ သတင်းကို ထောက်လှမ်းစုံစမ်းသည်ဟု တိုင်ကြားမှုအရဆိုကာ အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်သည်ဟု NUG ၏ ဩဇာခံ ကြို့ပင်ကောက် PDF က ဝန်ခံချက် ထုတ်ပြန်လာသည်။

ကြို့ပင်ကောက် PDF သတ်ဖြတ်လိုက်သည်ဟု နိုဝင်ဘာ ၂၆ ရက် ရက်စွဲဖြင့် ဝန်ခံချက်အရ သတ်ဖြတ်ခံရသူမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု ၊ ကိုင်းတောစုကျေးရွာနေ ဦးမောင်မောင်သန်း အသက် (၅၃)နှစ် ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ -၁ YOMA (GBK)ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖအဖွဲ့ ၂ ဖွဲ့ပေါင်းကာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်ပြီး လက်ကိုင်ဖုန်းတစ်လုံးကိုပါ လုယက်သိမ်းယူခဲ့သည်ဟုလည်း သိရသည်။

ဦးမောင်မောင်သန်းသည် ရပ်ရွာအတွင်း PDF များ၏ လှုပ်ရှားမှုကို လိုက်လံ စုံစမ်းပြီး ဝိုင်းရဲစခန်းအား တိုင်ကြား သတင်းပေးပို့ချင်း၊ PDF နင့် အဆက်အသွယ်ရှိသော ထောက်ပို့ပေးသူများအပေါ် တိုင်ကြားခြင်းများ လုပ်ဆောင်နေမှုကြောင့် သာယာဝတီခရိုင်၊ ပကဖနှင့် တပ်ခွဲ -၁ Yoma (GBK) တို့အား တိုင်ကြား၍ သတ်လိုက်သည်ဟုလည်း ဝန်ခံထားသည်။

အခြား ကျူးလွန်မှုဖြစ်စဥ်များအဖြစ် နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာအုပ်စု၊ စီကောက်ပင်ရွာမှ ဦးဝင်းအောင်အား သတင်းပေးဟုဆိုကာ ဆိုင်ကယ်စီးလာစဉ် ညောင်ဝိုင်ရွာအနီး၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – (၁) Dragon Brothers (GBK- PDF) မှ ဦးခေါင်းတည့်တည့်အား သေနတ်ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ ဖုန်း ၁လုံးအား လုယက် သိမ်းဆည်းခဲ့ကြောင်းလည်း ဝန်ခံထားသည်။

ထို့အပြင် ဦးကျော်လွင်ဦးဆိုသူတစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ကို လမ်းပြသည်ဟုဆိုကာ နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီအချိန်တွင် နေထိုင်ရာ ဘော်ဘင်ရွာသို့ဝင်ရောက်ကာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ရိုးမအခြေပြုတပ်ဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု ဝန်ခံထားသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *