ylliX - Online Advertising Network

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌမှာကြား


လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူ အများအပြားနေ ထိုင်ကြသည်ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

နစက ဥက္ကဋ္ဌမှ ယနေ့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့အား ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌသည် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားနှင့် မီးခွက်ဈေးအကြားရှိ ရေ မြောင်းများ ထိန်းသိမ်းပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းတစ်လျှောက် အရိပ်ရသစ်ပင်များ စနစ်တကျစိုက်ပျိုးရေးနှင့်လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ဘုရင့်နောင်ပန်းခြံကိုရောက်ရှိပြီး ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နစကဥက္ကဋ္ဌက လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသဖြင့် မြို့နယ်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

ထို့ပြင်လှိုင်သာယာမြို့သည် မြို့အကွက်ချပုံကို စနစ်တကျရေးဆွဲဖော်ဆောင်ထားသည့်မြို့ဖြစ်၍ အဆင့်မီသောမြို့တစ်ခုဖြစ်စေရန် ဆက်လက်အကောင်အထည် ဖော်ဆောင်သွားရမည်ဟုလည်း ထည့်သွင်းပြောကြားသည်။

မြို့နေပြည်သူ လူထုနှင့်ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရမည်ဖြစ်၍ နေထိုင်သူများ၏ ကျန်းမာရေးကောင်းမွန်စေရေး၊ သန့်ရှင်းမှုစနစ်တကျရှိစေရေး၊ ရေလုံလောက်စွာရရှိရေး တို့ကိုတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု ပြောသည်။

ထို့ကြောင့် လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်၍ အလေးထားဆောင်ရွက်ရမည်ဖြစ်ကာ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရေဝင်ရေထွက်ကောင်းမွန်ရမည်ဟု ဖြည့်စွက်မှာကြားခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *