ylliX - Online Advertising Network
(၂၅-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၂၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် –


(၂၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နေပြည်တော်တွင် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

၂။ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့်ပတ်သက်၍ သတင်းမီဒီယာအချို၏ စွပ်စွဲချက်များကို မြန်မာနိုင်ငံအနေဖြင့် လက်မခံ ပယ်ချကြောင်း သတင်းထုတ်ပြန်

၃။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

၄။ မြန်မာကို အလုံးစုံပိတ်ဆိုရေး Article 33 ကို ILO ညီလာခံမှာ ဆက်လက်အတည်ပြုဖိုရှိနေလို မြန်မာအလုပ်သမားထုဘက်က ထပ်မံကန့်ကွက်

၅။ “ဝ” လက်နက်ကိုင် UWSA နဲ့ ထိုင်းစစ်တပ် နယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားရာက စစ်ရေးတင်းမာနေ

၆။ ရှမ်းလက်နက်ကိုင် ၂ ဖွဲ အပစ်ရပ် ပေါင်းစည်းရေးဆွေးနွေးနေချိန် တိုက်ပွဲပြန်လည်ဖြစ်ပွားဟု ဆို

၇။ ပဲခူးရိုးမပေါ် တပ်မတော်စစ်ကြောင်းထိုးချိန် တိုက်ပွဲဖြစ်ရာက ကြိုးကြာနီ PDF တပ်ရင်းမှူး ကျည်ထိမှန် သေဆုံး

၈။ နိုဝင်ဘာလ ၂၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၅၄,၇၄၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၅၅ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၆၂၀ ကျပ်၊ Premium Diesel – ၃၂၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ်နှင့် အီးယူသည် ရန်ဘက်များ မဟုတ်ဟု ဝမ်ယိပြော

၂။ တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတိုကိုအခွန်သစ် စည်းကြပ်မည်ဟု ထရမ့်ပ်ပြော

၃။ ယူကရိန်းလုံခြုံရေးအထူးတပ်ဖွဲဆီ စစ်လက်နက်ပစ္စည်း ဗီဒီယိုပေးပိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရုရှားနိုင်ငံသားတစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်

၄။ ထိုင်ဝမ်အရေး ကြိုတွေးပြီး ဂျပန်ကျွန်းပေါ်မှာ အမေရိကန်ဒုံးကျည်တပ်ဖွဲတွေ တပ်ဖြန့်ချသွားမည်

၅။ တင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း အရပ်သားပြည်သူတွေအတွက် အရေးပေါ်ခိုလှုနိုင်တဲ့ ဘန်ကာတွေ စာရင်း ဂျာမန်အစိုးရပြုစုနေ

၆။ တပ်ဖွဲဝင်သစ်တွေအတွက် အစိုးရကြွေးမြီတွေကို ရုရှားအစိုးရ လျှော်ပစ်မည်

အားကစားသတင်းများ

၁။ အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲနှင့် ကြက်ခြေနီအသင်းတိုကို ပူးပေါင်း၍ စုဖွဲထားရှိ

၂။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲ မြန်မာ့လက်ရွေးစင် လူစာရင်းတွင် တိုက်စစ်မှူး အောင်သူနှင့် ကျော်မင်းဦး မပါဝင်

၃။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်း ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်

၄။ မစ်ဆူဘီရှီဖလား ပွဲစဉ်များတွင် VAR စနစ် အသုံးပြုမည်

၅။ ထိုင်းနိုင်ငံ၏ လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ ထွန်းမင်းနိုင် (ခ)စူလိုင်မန် ဝင်ရောက်ယှဉ်ပြိုင်မည်

အနုပညာသတင်းများ

၁။ ဂီတကိုချစ်မြတ်နိုးသူမို သီချင်းတွေနဲ့ ပရိသတ်အပေါ်မှာ သစ္စာရှိချင်တယ်ဆိုတဲ့ အိမ့်ချစ်

၂။ “ကျားဖမ်းမယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ လျှိဝှက်ချက်တစ်မျိုးစီနဲ့ ကျားတွေဘယ်လိုဖမ်းမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဆိုတဲ့ ဇင်ဇင်ဇော်မြင့်

၃။ ကျော်ဟိန်းလို ကာရိုက်တာမှော်တွေကို လိုက်တုပြီး လုပ်ဖိုက တော်တော်လေး ခက်ခဲပါတယ်ဆိုတဲ့သားညီ



Source link

Leave a Reply

Your email address will not be published. Required fields are marked *