ထိုင်းနိုင်ငံက ချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးတွေ ရှိတဲ့နေရာလို့ ပြောရမယ့်ပုံပါပဲ။ အခုတစ်ခေါက်မှာလည်း ချင်းမိုင်မှာရှိတဲ့ တိရစ္ဆာန်ရုံတစ်ခုက တိရစ္ဆာန်တွေကြောင့် လူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။ အဲ့ဒီတိရစ္ဆာန်တွေထဲမှာ သာမန်ကျားတွေလို အရောင်မျိုးမဟုတ်တဲ့ ကျား ၂ ကောင်ကို ပိုပြီး မျက်စိကျခဲ့ကြတာပါ။

အီဗာနဲ့ လူနာဆိုတဲ့ ရွှေရောင်ကျားမလေး ၂ ကောင်ပါ။ သူတို့ ၂ ကောင်က ညီအစ်မတွေဖြစ်ပြီး သူတို့လေးတွေက ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းနေတဲ့အတွက် အချစ်ခံနေရပါတယ်။

အီဗာနဲ့ လူနာရဲ့မိဘတွေကို တိရစ္ဆာန်ရုံက ချက်သမ္မတနိုင်ငံနဲ့ တောင်အာဖရိကတွေကနေ ဝယ်ယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သူတို့လေးတွေကို မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

Ref: Pretty tigers with non-threatening look at Thailand zoo win hearts worldwide a la Moo Deng

WL (ရိုးရာလေး)


Post Views: 79