ylliX - Online Advertising Network

ပုဂံရှေးဟောင်းရေကန် (၃၄)ကန်ကို ဆက်လက်တူးဖော်ထိန်းသိမ်းမည်


ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရေကြီးရေလျှံမှုများအတွက် ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများ ဖော်ထုတ်ကာ ရှေးဟောင်းရေကန် (၉၁) ကန်ကို ပြန်လည်တူးဖော်ထိန်းသိမ်းနေရာ ကျန်ရှိသည့် (၃၄)ကန်ကိုဆက်လက် တူးဖော်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသော ရေကန် (၄၅) ကန်နှင့် ဆောင်ရွက်ဆဲ ရေကန် (၅) ကန်ရှိပြီဖြစ်ကာ မတူးဖော်ရသေးသော ရေကန် (၃၄)ကန်ကို ကန်ဆယ်တူးဖော်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိက (၃) ကြောင်းကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ် ပြုပြင်လျက်ရှိကြောင်း သိရသည်။

အလားတူ ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က ပေးပို့ခဲ့သည့် အကြံပြုချက် (၁၉) ချက်ကိုလည်း ရှေးခေတ်ပုဂံကာလ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနလုပ်ငန်းနှင့် မှတ်တမ်း ပြုစုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခြင်းနှင့်အတူ ယင်းအထောက်အထားများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်နေကြောင်း သိရသည်။

ထိုနည်းတူ ရေကန်များအား ပြုပြင်ထိန်းသိမ်းတူးဖော်ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးသော အလှူရှင် (၂၁) ဦးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်နေကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *