ylliX - Online Advertising Network
ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံး ကြိုးစားပြင်ဆင်ရိုက်ကူးသွားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် -

ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံး ကြိုးစားပြင်ဆင်ရိုက်ကူးသွားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် –


ပရိသတ်တွေကို ဂီတပိုင်းရော သရုပ်ဆောင်ပိုင်းပါ အနုပညာရသမျိုးစုံ ပေးစွမ်းလေ့ရှိတဲ့ တေးရေး တေးဆို အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production က ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံး ကြိုးစား ပြင်ဆင်ရိုက်ကူးသွားပါမယ်လို့ ဆိုပါတယ်။

“ပိတောက်ကတဲ့ဂီတမှာ အတွဲညီခဲ့ကြတဲ့ ဒါရိုက်တာဦးမီးပွားရယ်၊ Frenzo ထုတ်လုပ်ရေးရယ်၊ သရုပ်ဆောင် ပိုးမမှီသာရယ်၊ DP ကိုဖြိုးကျော်ရယ် ကျွန်တော် စိုင်းစိုင်းခမ်းလှိုင်ရယ် ပြီးတော့ … နောက်ထပ်ပါဝင်မယ့် သရုပ်ဆောင်တွေ ပညာရှင်တွေကို ထပ်မံကြေညာသွားပါမယ်။ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေး ဖြစ်လာဖို့ အကောင်းဆုံးကြိုးစား ပြင်ဆင်ရိုက်ကူး သွားပါမယ်ခင်ဗျာ”လို့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်သိအောင် ပြောလာပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ နာမည်လူကြိုက်များခဲ့တဲ့ ပဉ္စလက်မိုး ဝတ္ထုကိုတော့ ဒါရိုက်တာ အကယ်ဒမီ မီးပွားနဲ့အတူ ပုံဖော်ဖန်တီးသွားလည်းဖြစ်ပါတယ်။ ဝတ္ထုကတော့ “အသက်အရွယ် မတူလို့ ပြစ်မှုတဲ့လား လူကြီးရယ်၊ အသက်ရွယ်မတူရင် မချစ်ရတော့ဘူးတဲ့လား .. နှလုံးသားရဲ့နောက်ကို လိုက်ပါရစေ အကယ်၍ လမ်းမှားခဲ့ရင်တောင် နောင်တကင်းစွာ ပျော်ရွင်ရတဲ့ လမ်းကိုတော့ဖြတ်သန်းဖူးသွားတာမို့ပါ” ဆိုတဲ့ ကြည်နူး ဆွတ်ပျံ့တဲ့ အချစ်ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *