ylliX - Online Advertising Network
ဒီဇင်ဘာလတွင် Meta ၏ Meta Quest 3 နှင့် 3S VR Headset များထံသို့ Windows 11 စတင်ရောက်ရှိလာမည်

ဒီဇင်ဘာလတွင် Meta ၏ Meta Quest 3 နှင့် 3S VR Headset များထံသို့ Windows 11 စတင်ရောက်ရှိလာမည်


Image: Microsoft

Windows 11 ကို သင့် VR Headset မှာ အသုံးပြုချင်ပါသလား။ ဒီကိစ္စဟာ Meta နဲ့ Microsoft တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မကြာမီဖြစ်လာနိုင်တော့မှာပါ။ နောက်လမှာ Windows 11 ကို Meta Quest 3 နဲ့ 3S Mixed Reality Headset တွေမှာ အသုံးပြုနိုင်ဖို့ Public Preview အနေနဲ့ စတင်ဖြန့်ချီသွားမယ်လို့ Microsoft က သူ့တို့ရဲ့ Ignite ညီလာခံမှာ ကြေညာလိုက်ပါတယ်။

Microsoft ဘက်က အသေးစိတ်အချက်အလက်တွေကို မျှဝေထားတာမရှိသေးပေမယ့် Meta Quest အသုံးပြုသူတွေဟာ နေအိမ်မှာရှိတဲ့ PC ကနေဖြစ်စေ၊ cloud အခြေခံ Windows 365 စနစ်ကနေဖြစ်စေ Windows 11 ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Microsoft က “Meta Quest Headset ကနေ သင့်ရဲ့ နေအိမ်က Windows PC ဒါမှမဟုတ် Windows 365 Cloud PC ကို ချောမွေ့စွာချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်၊ စွမ်းဆောင်ရည်မြင့်မားပြီး မော်နီတာတွေအများအပြားပါဝင်တဲ့ workstation ကြီးတစ်ခုကို ချိတ်ဆက်ဖို့ စက္ကန့်ပိုင်းသာအချိန်ပေးရမှာပါ” လို့ သူ့ရဲ့ Blog Post မှာ ပြောခဲ့ပါတယ်။

Microsoft နဲ့ Meta ဟာ Mixed Reality Headset တွေကို ဂိမ်းကစားခြင်းနဲ့ ဖျော်ဖြေရေးဘက်မှာသာမဟုတ်ဘဲ Productivity Tools တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဥပမာ – Meta Quest အသုံးပြုသူတစ်ဦးက Laptop ပေါ်မှာ Screen တစ်ခုသာ အသုံးပြုနေရင် Quest Headset ထဲမှာ Virtual Monitor သုံးခုထိ တိုးချဲ့ပြီး Windows 11 ကိုအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Quest 3 နဲ့ 3S Headset တွေက Windows Desktop ကို သုံးစွဲသူရဲ့ အမှန်တကယ်မြင်ရတဲ့ ပတ်ဝန်းကျင်မှာ Overlay လုပ်ပေးနိုင်ပါတယ်။

Meta Quest အသုံးပြုသူတွေဟာ လက်ရှိမှာတင် Third-Party Apps တွေကို အသုံးပြုပြီး PC Desktop ကို Headset တွေမှာ ချိတ်ဆက်တာ သို့မဟုတ် Streaming လုပ်တာတွေပြုနိုင်နေပါပြီ။ ဒါပေမယ့် စက်တင်ဘာလမှာ Meta CEO ဖြစ်သူ Mark Zuckerberg က  Microsoft နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းမှုအကြောင်း မိတ်ဆက်ခဲ့ပြီး Quest Headset တွေမှာ Windows 11 ကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။

Zuckerberg ရဲ့ Meta Connect ညီလာခံတုန်းကပြသခဲ့တဲ့ Demo မှာဆိုရင် Quest အသုံးပြုသူတွေဟာ Windows 11 PC ပေါ်မှာ “ကီးဘုတ်ကိုကြည့်လိုက်ရုံနဲ့ Headset အနေနဲ့ Windows ကို Pair လုပ်ပြီး ချက်ချင်းအသုံးပြုနိုင်မယ်” လို့ ပြောခဲ့ပါတယ်။

“Quest ဟာ သင့်ရဲ့ PC ရဲ့ သဘာဝဆန်တဲ့ Extension တစ်ခုအဖြစ်ရောက်ရှိလာမှာပါ” လို့ Zuckerberg က ထပ်မံ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Image: Microsoft

ဆက်စပ်သတင်းအနေနဲ့ Microsoft ဟာ သူ့တို့ရဲ့ Ignite ညီလာခံမှာ cloud အခြေခံကွန်ပျူတာဖြစ်တဲ့ Windows 365 Link ကိုမိတ်ဆက်ခဲ့ပါတယ်။ Windows 365 Link မှာ USB-A 3.2 port ၃ခု၊ USB-C 3.2 port တစ်ခု၊ HDMI နဲ့ DisplayPort တစ်ခုစီအပြင် 3.5mm headphone jack နဲ့ ethernet port အစရှိတာတွေပါဝင်ပါတယ်။ Windows 365 Link ကို Wired နဲ့ Wireless Peripheralsတွေ၊ Monitorတွေ၊ Audio Devices၊ Keyboards နဲ့ Mouse လို Input Devices တွေအပြင် ကင်မရာတွေ၊ Storage Devicesတွေ Hubsတွေ အစရှိတဲ့ပစ္စည်းတွေချိတ်ဆက်နိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် Dock တွေကို တော့ အသုံးမပြုနိုင်ပါဘူး။ $349 နဲ့ရောင်းချမယ့် Windows 365 Link ကို ၂၀၂၅ခုနှစ်၊ ဧပြီလမှာစတင်ဝယ်ယူနိုင်ပါတယ်။

Source: PCMag 





Source link

Leave a Reply

Your email address will not be published. Required fields are marked *