ylliX - Online Advertising Network

NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိ | Popular


နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

၎င်းမှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် နစက အစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့်ပတ်သက်၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် NCA သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ်အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး လာမည့်လွှတ်တော်ကာလတွင်လည်း အချို့ကိစ္စရပ်များကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန် EAO များ၊ နိုင်ငံရေးပါတီများနှင့် သဘောတူဆွေးနွေးချက်များရရှိပြီး ဖြစ်သည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *