ylliX - Online Advertising Network
လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့

လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့ | HapEye.net


တစ်ယောက်ထဲလည်း နေတတ်အောင်နေပါ။

မင်း စိတ်ညစ်နေလား ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။

ဘဝအတွက် လေ့လာသင်ယူပါ၊ စာများများဖတ်ပါ။ သူများကို သွားပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား။ ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။ ဘယ်သူ့မှ ပြောမနေနဲ့ ပိုပြီးမျက်ရည်ကျအောင် လုပ်မဲ့သူပဲရှိတယ်။ ငိုစရာရှိတာ ကိုယ့်ဟာကိုငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား။ သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက်ဖြစ်အောင်နေပါ။ သူများကို သွားပြောရင် မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား။ ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ်မဟုတ်ဘူး။ လူတိုင်းကျတတ်တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး။ ကိုယ့်အားကိုကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။

မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက် ကူညီမဲ့လူ ရှားတယ်။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့။ မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပီးကူညီလိုက်ပါ။

ဆရာဦးအောင်သင်းရဲ့ စာစုများ မှထုတ်နုတ်တင်ပြပါသည်။

OpenMoreOnline

ဘဝနေနည်း





Source link

Leave a Reply

Your email address will not be published. Required fields are marked *