ylliX - Online Advertising Network

မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများကို နှုတ်ပိတ်သွားစေတဲ့ AA ရဲ့ တိုက်ပွဲ (၁)နှစ်ပြည့်ထုတ်ပြန်ချက်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ညနေပိုင်းက သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများက “အမ်းဒေသက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်တွေကို AA သိမ်းပိုက်လိုက်ပြီ၊ အမ်းမှာ တပ်ရင်း (၁၀)ရင်းကို AA သိမ်းပိုက်လိုက်ပြီ စစ်သားတွေ မကွေးကိုဆုတ်ပြေးနေပြီ မယုံရင် AA ဒီညတင်လာမယ့်ထုတ်ပြန်ချက်ကိုကြည့်၊ နပခ တပ်တွေအကုန်ကျပြီ တိုင်းရုံးပဲကျန်တော့တယ် အားလုံးပိတ်မိသွားပြီ” ဆိုပြီး တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေနဲ့ တပ်ထောက်ခံသူတွေ စိတ်ဓာတ်ကျဆင်းအောင်၊ တိုက်နေသူတွေ ထွက်ပြေးအောင် အင်တာနက် စာမျက်နှာများမှာ တင်ခဲ့ကြတာ အားလုံးပဲ သိကြမှာပါ။ ဒီမနက်အစောပိုင်း AA ဘက်ကထုတ်ပြန်လာတဲ့ တိုက်ပွဲ(၁)နှစ်ပြည့် ထုတ်ပြန်ချက်မှာတော့ အမ်းက တပ်ရင်း(၈)ရင်းကို သူတို့ရထားကြောင်း (အမ်းတွင်မရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထည့်ပြထား) တင်လာတယ်၊ ဒီထုတ်ပြန်ချက်ထုတ်လာတဲ့ အချိန်မှာ AA […]

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း မြို့ ၄ မြို့ ထပ်သိမ်းတော့မည်ဟု AA ဆို  – Myanmar Now

တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် တစ်ပြိုင်နက်ထိုးစစ်ဆင်နေသည့် မြို့နယ် ၄ ခုကိုလည်း  ရလုနီးပါးဖြစ်နေပြီဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။  ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲသည် ယမန်နေ့က တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  “ တစ်နှစ်တာကာလအတွင်းမှာ ULA/AA က သိမ်းပိုက်ခဲ့တဲ့ မြို့နယ်စာရင်းကတော့ အားလုံးပေါင်း ၁၁ ခု ပေါ့နော်။ အဲ့ဒီ ၁၁မြို့နယ်ကတော့ အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။  AA သည် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား ၊ […]

Unions file complaints over Myanmar garment production

By AFP A global union announced yesterday that it had filed complaints against three major clothing brands – Next, New Yorker and LPP – over their alleged continued sourcing of garments from junta-run Myanmar. The Switzerland-based IndustriALL Global Union said that it and the two banned Myanmar unions Confederation of Trade Unions, Myanmar and Industrial […]

ကမ္ဘာအကြီးဆုံးဟုစံချိန်တင်သွားခဲ့တဲ့ တရုတ်ပြည်က Hot Pot အိုးကြီး တစ်ကြိမ်တွင် လူ ၁၃၈ ယောက်အထိစားသောက်နိုင် – iMyanmarHouse.com

အာရှနိုင်ငံတစ်ဝန်းနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ယခုနှစ်များအတွင်း အရူးအမူး စွဲစွဲလမ်းလမ်းစားသုံးကြတဲ့ ဟင်းပွဲတစ်မျိုးကတော့ Hot Pot ပါပဲ။ Hot Pot ဟာ အာရှနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နာမည်ကြီးလာတာ မကြာသေးပေမယ့် တရုတ်နိုင်ငံရဲ့ အစားအစာတစ်မျိုးအနေနဲ့ တည်ရှိနေခဲ့တာ နှစ်ထောင်ချီကြာလာခဲ့ပါပြီ။ Hot Pot ကို တရုတ်လို Huo Guo လို့ခေါ်ပါတယ်။ တောင်ပိုင်းစတိုင်နဲ့ မြောက်ပိုင်းစတိုင် နှစ်မျိုးကွဲပြားပြီး စားသုံးကြပါတယ်။ Hot Pot ဟာ ဆောင်းရာသီအစားအစာမျိုးဖြစ်ပြီး ပါဝင်ပစ္စည်းကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်တာမို့ ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။ အခုရက်ပိုင်း အင်တာနက်ပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်နေတာကတော့ လူတစ်ရာကျော်စာ တစ်ပြိုင်နက်စားလို့ဆန့်တဲ့ Hot pot အိုးကြီးဖြစ်ပါတယ်။ Hot Pot အိုးကြီး Video ဟာ စီချွန်းစီရင်စု Meishan […]

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ – Western News

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။ “တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြ၀တီမှာ ငွေကြေးလိမ်လည်ခြင်းပြုလုပ်တဲ့ call center တစ်ခုမှာ […]

ဇနီး အတွက် သီချင်း တစ်ပုဒ် ဖန်တီး သီဆိုခဲ့တဲ့ ဇူဇူ – MyTech Myanmar

Skip to content ဇူဇူဟာ ဇနီးသည် အပေါ် တော်တော် ရိုတယ်လို့ ပြောရမှာပါ။ သူဟာ ဇနီးသည်ပုံတူ ရုပ်တုကို ဖန်တီးပေးခဲ့သလို ဇနီးအတွက် ကမ္ဘာမှာ တစ်စီးထဲရှိတဲ့ ကားကို ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း သူက ဇနီးအတွက် သီချင်း တစ်ပုဒ်ကို ဖန်တီးသီဆိုခဲ့ပါတယ်။ ဇူဇူက “ ကျွန်တော် ပထမဆုံး ပရက်စီလာ ကို တွေ့တဲ့အချိန်မှာ “Get Low” သီချင်းကို ဖွင့်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒိတ်လုပ်တဲ့ Anniversary ရောက်တိုင်း အဲဒီသီချင်းကို နားထောင်ကြပါတယ်။ ဒီနှစ်မှာ ကျွန်တော်ဟာ Tpain နဲ့ ပူးပေါင်းပြီး အဲဒီသီချင်းရဲ့ ကိုယ်ပိုင် ဗားရှင်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီသီချင်းကို Spotify မှာ တင်ထားပါတယ်။ […]

ယောကျာ်း လိင်စိတ် တရားခံ

Libido လို့ခေါ်တဲ့ လိင်စိတ် တပ်မက်မှုဟာ စာရေးသူတို့ အမျိုးသားတွေအတွက် အရေးကြီးပါတယ်။ Libido ကျတယ်ဆိုတာဟာ လိင်မှုကိစ္စအပေါ် စိတ်အားတက်ကြွမှု ကျဆင်းတာ တနည်းအားဖြင့် လိင်စိတ်ဆန္ဒ လျှော့ကျတဲ့ ပြဿနာကို ခေါ်ပါတယ်။ ဒီလို အမျိုးသားတွေရဲ့ Libido ကို ကျစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဘယ်အရာတွေ ဖြစ်မလဲ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။ (၁) စိတ်ဖိစီးမှုတွေ အလွန်များနေလို့ Photo : ORSYS Le mag ဒီဘက်ခေတ် လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေဟာ နည်းလမ်းမျိုးစုံ ၊ ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတာနဲ့အမျှ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင် ကဲ့သို့ လိင်မှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုကို တားဆီးဟန့်တားနေတဲ့ ကော်တီဆောဟော်မုန်းတွေ ပိုမိုထွက်လာစေပါတယ်။ ဒါကြောင့်ပဲ စိတ်ဖိစီးမှုများနေတဲ့အခါမှာ […]

အရွတ်၊အဆစ် အစိတ်အပိုင်းတွေရဲ့ကြားမှာကျောက်တည်ခြင်း Calcification » ဒေါက်တာစိုးလူကျော်

ရုတ်တရက် ပုခုံးအဆစ်က ပြင်းပြင်းထန်ထန်နာလာပြီး၊ လှုပ်မရ မြှောက်မရ၊ အိပ်လည်းမရဟု ဆေးခန်းကို ပြေးလာကြသည်များမကြာခဏ ကြုံလာရပြီး ရောဂါရှာဖွေရာတွင် ကျောက်အောင် နေသည်ကိုတွေ့ရတတ်ပါသည်။ကျောက်တည်နေတယ်ဟု ရှင်းပြလျှင် ဗိုက်ထဲမှာတည်တယ်ပဲကြားဖူးတာ အဆစ်တွေမှာလည်း တည်တယ်ပေါ့ဟု အံ့ဩနေကြသူများလည်း ကြုံဖူးပါသည်။ #ဘာကြောင့်ကျောက်တွေတည်ရသလဲ အဘယ့်ကြောင့် ကျောက်တွေတည်ရသလဲကို ရှင်းပြရပါက အရွတ်၊အဆစ်၊ အရည်အိတ် bursa၊ ကြွက်သား စသည့် အစိတ်အပိုင်းတွေရဲ့ကြား calcium hydroxyapatite လို့ခေါ်သော ထုံးဓါတ်ပစ္စည်းများ အနည်ကျလာရာမှ ဖြစ်လာပါသည်။ ပုခုံးတွင် အဖြစ်များတတ်သော်လည်း ခြေထောက် feet ၊ လက်ဖဝါး hands ၊ တင်ပါးဆုံ hips ၊ လည်ပင်းရိုး cervical spine စသည်တွင်လည်း အခြားအစိတ်အပိုင်းများထက် ဖြစ်ပွားမှုများသည်ဟု သိရပါသည်။ အသက် ၃၀ မှ […]

အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော – Kachin News Group (KNG)

ဗန်းမော်ခရိုင် မံစီမြို့နယ်  အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးဆိုက်သွားတဲ့အတွက် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကစတင်စိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေရဲ့တောင်ယာစိုက်ခင်းတွေ ဇူလိုင်လစ ကြွက်ဘေးဆိုက်လာတာကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ စပါးရိတ်သိမ်းမှာ ရိတ်ဖို့စပါးမရှိတော့ဘူးလို့ မိုင်ကုန့်ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “စပါးတွေက ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ဖန်ပြန်ပြီး နလန်ထူ ပြန်ပေါက်တယ်။ အဲဒီလို ပြန်ပေါက်လာတဲ့ စပါး၊ သီးနှံတွေအားလုံးကိုလည်း ကုန်အောင် ကြွက်တွေ ပြန်စားပစ်လိုက်တာ။ အဲဒီလို ဆက်တိုက်ကြွက်တွေစားပေးလိုက်တာကြောင့် အခု  ရိတ်သိမ်းချိန်ကျ စပါးပင် တစ်ပင် နှစ်ပင်လောက်ပဲ ပေါက်နေတာ ရွာသားတွေက ကိုယ့်စပါးဆိုတော့ သနားလို့ ရှိတဲ့အနည်းအကျဉ်းလေးပဲဆိုပေမဲ့ လာကောက်ကြရိတ်သိမ်းကြတာတွေတော့ ရှိနေတယ်”လို့ မိုးမောက်မြို့နယ် မိုင်ကုန့်ဒေသခံတစ်ဦးက ပြောပါတယ်။ ကြွက်ဘေးဆိုက်ကပ်သွားတဲ့ ကျေးရွာတွေဟာ အင်ဘာပါဒေသထဲမှာပါဝင်တဲ့ ဂေါင်ရီ လုံခတ်(Gauri Lunghkat)၊ မိုင်ကုန့် (Maikung)၊ ခက်မှာ ( hkyet ma )၊ ဘွမ်အောင်နန်( Bum Awng Nan)၊ စတဲ့ကျေးရွာတွေအပြင် အနီးတစ်ဝိုက်ကျေးရွာ ၁၀ ဝန်းကျင်ရှိတယ်လို့ […]