ylliX - Online Advertising Network

ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ – Kachin News Group (KNG)

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး  စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး စစ်ကောင်စီတပ်တွေဟာ မြို့ထဲ စစ်တပ်ကုန်းနဲ့ ရဲစခန်းကနေ KIA တပ်ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်က နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေပြီလို့ ပြောလို့မရသေးဘူး။ အခုပစ်နေတာက တစ်ဖက်ထဲပစ်တဲ့ အသံပဲ ကြားနေရတာဆိုတော့လေ။ ကန်ပိုင်တည်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဒီကနေ့မနက်ပိုင်း ၁၀ လောက်ကနေ တစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုချိန်အထိပါပဲ။ ဟိုးဘက်ကနေ တက်လာမှာကို စိုးရိမ်းပြီး ရမ်းသမ်းပစ်နေတာ။ ပြည်သူတွေကလည်းကြောက်လို့ အကုန်ထွက်ပြေးသွားကြပြီ။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူး”လို့ပြောပါတယ်။ နေ့လည် ၁၂ နာရီဝန်းကျင်အထိ ကန်ပိုင်တည်မြို့အဝင်အနီး ဘာဒေါန့် မရောက်မှီ လယ်ကွင်းအနီးတဝိုက်နဲ့ မြို့ပြင် တောင်ကုန်းနေရာဘက်ကို မရပ်မနားပစ်နေတယ်လို့ ပြောပါတယ်။ စစ်တပ်ဘက်က ခုလို မြို့တွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်လာတာဟာ ကန်ပိုင်တည်မြို့ မရောက်မှီ ဝေမောကျေးရွာမှာ  KIA ဘက်က  နိုင်ဝင်ဘာလ ၁၉ ရက်နေ့စပြီး စစ်အင်အားထပ်မံဖြည့်တင်းနေတယ်ဆိုတဲ့သတင်းအပြင် တစ်ဖက်မှာ မြို့ထဲကိုလည်း ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုမစခင် နိုဝင်ဘာလ ၁၉ ရက်ည ကန်ပိုင်တည်ဒေသခံပြည်သူတွေကို  KIA တပ် မြို့ထဲဝင်ဖို့ ပြင်နေတာကြောင့် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မယ်ဆိုတဲ့အကြောင်း ကြိုတင်ပြောဆိုထားတာရှိတဲ့အတွက် ဒေသခံအများပိုင်း လုံခြုံရေးအတွက်စိုးရိမ်ပြီး ညတွင်းချင်း ထပ်မံတိမ်းရှောင်ထားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ  KIA ဘက်ကနေ ပြန်လည်ပစ်ခတ်တာတွေမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အခုချိန်မှာက နှစ်ဖက်စစ်တပ် တင်းမာနေတဲ့ အခြေအနေမှာတော့ ရှိနေတယ်လို့ ပြောလို့ရတယ်။ ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်ခြိမ်းခြောက်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ ကန်ပိုင်တည်မှာလည်း စစ်သားတွေက အများကြီး။ ပြီးရင် KIA တွေကလည်း ကန်ပိုင်တည်အနီးအနားမှာ ပြီးခဲ့တဲ့ စင်ကြိုင် နယ်ခြားစောင့်တပ်သိမ်းပြီးကတည်းက ဝေမေားရွာတွေမှာ နေရာယူထားကြတယ်ဆိုတော့ တိုက်ပွဲက ဖြစ်လာဖို့ဘဲရှိတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကနေ KIA ပူးပေါင်းတပ်တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် တရုတ်ဘက်ကနေ ပြန်လည်ဖွင့်ထားပေးတဲ့ နယ်စပ်ဂိတ်ဝကို ပြန်လည်ပိတ်သွားမှာကို  စိုရိမ်နေကြပါတယ်။ ကန်ပိုင်တည်မြို့တွင်း ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ဘက်က တစ်ဖက်သပ်ပစ်ခတ်မှုသာဖြစ်တယ်လို့ ဒေသခံတစ်ချို့ပြောဆိုနေကြပေမယ့် ပစ်ခတ်မှုအသေးစိတ်ကို KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ ပန်ဝါမြို့ကို စက်တင်ဘာလအတွင်း KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရက ပိတ်လိုက်တာဖြစ်ပါတယ်။ ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရုတ်အစိုးရက ပြန်လည်ဖွင့်ပေးထားပြီး စက်သုံးဆီကလွဲပြီး  စားသောက်ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ကိုလည်း ကချင်ပြည်နယ်ထဲကို ပြန်လည်ဝင်ခွင့်ပြုနေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ appeared first on Kachin News Group (KNG). Source link

Royole Technology Declares Bankruptcy and Is About to Face Asset Auctions – Pandaily

On November 18th, the Intermediate People’s Court of Shenzhen issued three announcements, ruling that Shenzhen Royole Technology Co., Ltd. (referred to as “Royole Technology”), Shenzhen Royole Electronics Co., Ltd. (referred to as “Royole Electronics”), and Shenzhen Royole Display Technology Co., Ltd. (referred to as “Royole Display”) have gone bankrupt. According to the investigation results of […]

Moonshot AI’s Yang Zhilin Claims to Have Taken the Initiative to Reduce Business – Pandaily

On the occasion of the first anniversary of Moonshot AI‘s Kimi Chat being open to the whole society, Yang Zhilin, founder and CEO of 31-year-old Moonshot AI, once again stepped into the media spotlight to introduce to the outside world the new generation mathematical reasoning model – k0-math that the company is developing. When talking […]

ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံး ကြိုးစားပြင်ဆင်ရိုက်ကူးသွားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် –

ပရိသတ်တွေကို ဂီတပိုင်းရော သရုပ်ဆောင်ပိုင်းပါ အနုပညာရသမျိုးစုံ ပေးစွမ်းလေ့ရှိတဲ့ တေးရေး တေးဆို အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production က ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံး ကြိုးစား ပြင်ဆင်ရိုက်ကူးသွားပါမယ်လို့ ဆိုပါတယ်။ “ပိတောက်ကတဲ့ဂီတမှာ အတွဲညီခဲ့ကြတဲ့ ဒါရိုက်တာဦးမီးပွားရယ်၊ Frenzo ထုတ်လုပ်ရေးရယ်၊ သရုပ်ဆောင် ပိုးမမှီသာရယ်၊ DP ကိုဖြိုးကျော်ရယ် ကျွန်တော် စိုင်းစိုင်းခမ်းလှိုင်ရယ် ပြီးတော့ … နောက်ထပ်ပါဝင်မယ့် သရုပ်ဆောင်တွေ ပညာရှင်တွေကို ထပ်မံကြေညာသွားပါမယ်။ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေး ဖြစ်လာဖို့ အကောင်းဆုံးကြိုးစား ပြင်ဆင်ရိုက်ကူး သွားပါမယ်ခင်ဗျာ”လို့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်သိအောင် ပြောလာပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ နာမည်လူကြိုက်များခဲ့တဲ့ ပဉ္စလက်မိုး ဝတ္ထုကိုတော့ ဒါရိုက်တာ အကယ်ဒမီ မီးပွားနဲ့အတူ […]

Android 16’s first developer preview is now out

It wasn’t a joke, Google really is changing Android’s release timeframe. The first developer preview of a new version used to come out around February-March. Not anymore. The first developer preview of Android 16 is out now, way ahead of the previous schedule. Google is reiterating that Android 16 will come out in the second […]

မောင်တူး – တင်မိုး ၉၁ နှစ် မွေးနေ့ သူ့ကဗျာတိုလေးများ

(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ “တင်မိုး” ဖွဲ့ဆို၊ ကဗျာတိုများ သံချိုသာမြ၊ ကာရန်လှနှင့် ဘဝသရုပ်၊ ဖော်ကာထုတ်ထား လင်္ကာများဖြစ်၊ ငါဖတ်သစ်ခဲ့ ကိုးဆယ့်တနှစ် မွေးနေ့၌။ ။  ကဗျာဆရာကြီးတင်မိုးဟာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၉၁ နှစ်ပြည့်ပြီ။ ဒီနေ့ နိုဝင်ဘာ ၁၉ မှာ ၉၁ နှစ်ပေါ့။ ကျနော်ဟာ ဆရာတင်မိုးကို ငယ်စဉ် စာဖတ်တတ်စကတည်းက သိပါတယ်။ ကျောင်းသုံးစာအုပ်တွေထဲက သူ့ရဲ့ “အလှကိုယ်စီ” ကဗျာနဲ့ စတင်ရင်းနှီးလာရတယ်။  ဖိုးလမင်းလည်း  သူ့အဆင်းနှင့် အလင်းနှင့်။ မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်။  ဒါက သူ့ “အလှကိုယ်စီ” ကဗျာရဲ့ အစပိုဒ်ပါ။ ဆရာဟာ ကလေးကဗျာ၊ နိုင်ငံရေးကဗျာ၊ လူမှုပြုပြင်ရေးကဗျာ၊ ခရီးသွားကဗျာ စသဖြင့် […]

ပြည်ထောင်စုပန်းများ လှပဝင့်ထည်စွာ သင်းပျံ့ခဲ့သော နေ့ရက်များ | Ministry Of Information

ဇော်လင်း “အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေး၏ အခြေခံဇာစ်မြစ်မှာလည်း ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ညီညွတ်စွာ၊ အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာတည်ဆောက်ရမည်ဖြစ်ရာ အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း ပြုစုပျိုးထောင်သွားရမည်ဖြစ်ပါသည်။” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားပါသည်။ နိုင်ငံတော်တည်ဆောက်ရေး နိုင်ငံတော်တည်ဆောက်ရေးအတွက် စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီး၊ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအား “ပြည်ထောင်စုစိတ်ဓာတ်” ဖြင့်သာ တည်ဆောက်သွားရမည်ဖြစ်သည်။ သို့ဖြစ်လျှင် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရင့်သန်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး […]