ylliX - Online Advertising Network

မေးစေ့နှစ်ထပ်နဲ့ မျက်နှာအဆီပိုတွေကို အပြီးတိုင်နှုတ်ဆက်နိုင်မယ့် Facial Yoga Poses ( ၈ ) မျိုး

Skip to content ဝလာလို့ဖြစ်လာတဲ့ အဆီပိုတွေထဲမှာ အဝတ်အစားနဲ့ ဘယ်လိုမှဖုန်းလို့မရတဲ့အထဲမှာ မေးစေ့နှစ်ထပ်က အဆီတွေလည်း ပါပါတယ်။ ဒီလိုကြည့်ရဆိုးတဲ့ မေးနှစ်ထပ်က အဆီပိုတွေကြောင့် အသားအရေက တင်းရင်းမှုမရှိတော့ဘဲ ပျော့တွဲလာပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီလိုကြည့်ရဆိုးတဲ့ မေးစေ့နှစ်ထပ်ကအဆီတွေကို တစ်နေ့ကို 15-20 မိနစ်လောက Facial Yoga လေ့ကျင့်ပေးရုံနဲ့ လွယ်လွယ်ဖယ်ရှားနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရင် ပါးပြင်က အဆီတွေကို လောင်ကျွမ်းစေပြီး ပါးပြင်ကြွက်သားတွေကို တင်းရင်းစေပါတယ်။ 1. Lip Pull ခေါင်းကိုတည့်တည့်ထားပြီး မေးစေ့ကြွက်သားနဲ့ မေးရိုးတွေကို ဆန့်ထုတ်ပြီး အောက်နှုတ်ခမ်းကို တတ်နိုင်သမျှ ကြွလိုက်ပါ။ ဒီပုံစံအတိုင်း ခနနေပြီး အနည်းဆုံး ၃ ကျော့လုပ်ပေးပါ။ 2. Chin lift မျက်နှာကို မျက်နှာကြပ်ဆီမော့ပြီး မျက်နှာကျက်ကို […]

အာတီတာကို ပါးစပ်ပိတ်ထားလို့ ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင် – Official Arsenal Myanmar

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးက အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ လူစာရင်းထဲ ကစားသမားသစ်ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတဲ့ကိစ္စတွေကို လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက် လှုပ်ရှားမှုဟာ ထင်သလောက် မသွက်လက်ခဲ့ဘဲ ဒေးဗစ် ရာယာ ဘရန့်တ်ဖို့ဒ်ကနေ အပြီးသတ်ပြောင်းလာတာ၊ ကာလာဖီအိုရီကို ဘိုလော့ဂ်ညာကနေ ခေါ်ယူနိုင်ခဲ့တာရယ်သာ ရှိသေးတာပါ။ ဘိုလော့ဂ်ညာကနေ ကာလာဖီအိုရီကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်လို့ အာဆင်နယ်က နွေရာသီစျေးကွက်မပိတ်ခင် လက်ကျန်အချိန်တွေမှာ နောက်ထပ် တိုးတက်မှုရှိလာဖို့ လိုအပ်နေတဲ့ နေရာအများအပြားအတွက် အင်အားဖြည့်တင်းဖို့ ကြိုးစားသွားရဦးမှာပါ။ အာတီတာက ရာသီကြိုခရီးစဉ်အတွင်း “ဒီလိဂ်မှာ ပြီးပြည့်စုံမှုရှိဖို့က မတူညီတဲ့ စံနှုန်းတွေလိုအပ်ပါတယ်။ ဒီစကားလုံးနဲ့ ဆက်စပ်အောင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့က ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ကျွန်တော်တို့ တိုးတက်အောင် လုပ်ချင်တဲ့နေရာတွေရှိနေပြီး အထူးသဖြင့် ကျွန်တော်တို့ […]

#တံတောင်နာကျင်ခြင်း » ဒေါက်တာစိုးလူကျော်

အခု နောက်ပိုင်း ဆေးခန်းကို တံတောင်ဆစ် အပြင်ပိုင်းကြွက်သား နာလို့ ကိုက်လို့ဆိုပြီး လာကြတဲ့လူနာတွေများလာပါတယ်။ပစ္စည်းတခုခု မြှောက်ရင် ၊ ဆုပ်ကိုင်ထားရင် (သို့) မနက်ဆိုရင် တံတောင်ဆစ်က တောင့်ပြီး ကိုက်ကိုက်နေတယ် စသည့် လက္ခဏာ များ ကို ပြောကြလေ့ရှိပါတယ်၊ တံတောင် အပြင်က ကြွက်သား(ပုံပါ) ကို ဖိစမ်းလိုက်ရင် အောင့်နာနာကြီးဖြစ်နေတာတွေ့ ရပါမယ်။ဒီရောဂါကိုတော့ တင်းနစ်သမား တံတောင်ဆစ်(#Tennis Elbow)ရောဂါ လို့ ခေါ်လေ့ရှိပါတယ်။ တင်းနစ် ကစားသမားတွေများ အဖြစ်များလေ့ရှိတာကြောင့် ယေဘူယျ ခေါ်တာဖြစ်ပြီး အပြု အမူ တခုခုကို ခဏခဏ လုပ်ရသူ ဥပမာ ဝက်အူလှည့် ခဏခဏလှည့်ရသူ၊တူထုရသူ၊ဓားခုတ်ရသူ၊ ဆေးသုတ်သူ ပန်းချီဆွဲသူ၊ ဂေါက်သီးရိုက် ပင်ပေါင် စသည့် ကစားသမားအချို့ ၊ အချိန် ကြာကြာ […]

မျက်နှာချည်းပဲ ကွက်ပြီး မဲနေတာ ဘာကြောင့်လဲ

မျက်နှာချည်းပဲ ကွက်ပြီး မဲနေတယ်လို့ ဆိုလိုက်တော့ စိတ်ထဲမယ် ဘယ်သူ့ ပြေးမြင်တုန်း။ ငယ်ငယ်က ကြည့်ဖူးတဲ့ ပေါင်ချိန်ပဲ မဟုတ်လား။ ဒီလိုပဲ သူငယ်ချင်းတွေမှာဆိုရင်လဲ မျက်နှာပိုမဲတဲ့သူကို မျက်နှာမဲ ပေါင်ချိန်လို့ စနောက်ခဲ့ဖူးကြမယ်ထင်ပါရဲ့။ အများအားဖြင့်တော့ မျက်နှာမဲတယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ Hyperpigmentation လို့ခေါ်တဲ့ အသားအရေရှိသင့်တာထက် ပိုမိုအရောင်ရင့်သွားခြင်းဟာ ခန္ဓာကိုယ် အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ Melanin တွေ ပိုမိုထုတ်လုပ်တာကြောင့် အသားအရောင် ပိုပြီး ညိုမောင်းလာတဲဖြစ်စဥ် ဆိုပါတော့။ တစ်ချို့လူတွေမှာတော့ မျက်နှာတစ်ဝိုက်မှာ ရှိသင့်တာထက်ပိုပြီး အသားအရောင် ရင့်နေတာမျိုးဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်အသားအရောင်ဖြစ်ပေမယ့် မျက်နှာချည်းပဲကွက်မည်းနေတာကျ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးချင်စရာ၊ အများအမြင်မှာ နောက်ပြောင်ကျည်စယ်ချင်စရာ အနေအထားမျိုးပါ။ လူ့ခန္ဓာကိုယ်မှာ မျက်နှာဟာ Melanin အများဆုံး […]

မိုးအေးချိန် တွေမှာ ခေါင်းကိုက်တာ ဘာကြောင့်လဲ

ခေါင်းကိုက်တယ်ဆိုတဲ့ စကားက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ခေါင်းကိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတာက ကျန်းမာရေး အခြေအနေ တစ်ခုခု ကြောင့် ဖြစ်ပြီး တစ်ခါတစ်လေမှာတော့ ပတ်ဝန်းကျင် အနေအထားတွေ၊ နေ့စဉ် လည်ပတ်နေတဲ့ နေထိုင်မှုပုံစံတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ဒါဆို မိုးအေးချိန် ဆိုရင်ရော ခေါင်းကိုက်တတ်လားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ရာသီဥတု အပြောင်းအလဲတွေဖြစ်တဲ့ မိုးအုံ့တာ၊ လေထုထဲမှာ စိုထိုင်းဆ များတာ၊ အပူချိန် မြင့်တက်တာ၊ မုန်တိုင်းထန်တာ အားလုံးလိုလိုဟာ လူတွေကို ခေါင်းကိုက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုက ဖိအားသက်ရောက်မှုကို ပြောင်းလဲစေတယ်။ ဒီဖိအား သက်ရောက်မှုဆိုတာက ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတဲ့ ဖိအား သက်ရောက်မှုကို ဆိုလို ချင်တာပါ။ […]

အားမနာပါနဲ့၊ အားနာတတ်တာ စိတ်ကျန်းမာရေး ပြဿနာပါ

တစ်ခုခု ပြုမူပြောဆိုတော့မယ်ဆိုရင် “အားနာလိုက်တာ” လို့ ပြောမိ တွေးမိတာမျိုး ကြုံဖူးလား။ မြန်မာလူမျိုးတွေပဲ ဒီလိုမျိုး အားနာတတ်တာ မျိုး ရှိတယ်၊ တခြားလူမျိုးတွေမှာဆိုရင် အားနာတယ်ဆိုတဲ့ စကားလုံးတောင်မရှိဘူးလို့ ပြောတာဆိုတာမျိုးလည်း ကြားဖူးကြမယ်ထင်ပါရဲ့။ ပုံမှန်အားဖြင့် အားနာတာက သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေတဲ့ စိတ်ခံစားချက်မျိုးပါ။ အားနာတာ မကောင်းဘူးလို့ ဆိုစမှတ်စကားတစ်ချို့လည်း ကြားဖူးကြမှာပါနော်။ အားနာတာ မကောင်းဘူးဆိုတာ မှန်သင့်သလောက် မှန်တဲ့စကားပါ။ တစ်ခါတစ်လေတော့လည်း အခြေအနေအရ အားနာတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးက လူတိုင်း ခံစားမိတတ်ကြတဲ့ ခံစားချက်မျိုးပါ။ ဒါပေမယ့် အားနာတယ်ဆိုတဲ့စိတ်ခံစားချက်က ကိစ္စတိုင်းမှာ ခံစားနေရရင်၊ အမြဲတွေးနေမိတယ်ဆိုရင်တော့ ဒါက စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုလို့ သတ်မှတ်ရပါတော့မယ်။ အနောက်တိုင်းမှာ အားနာတယ်ဆိုတာနဲ့ တိုက်ရိုက်အဓိပ္ပါယ်ဖလှယ်လို့ရတဲ့ […]