မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး (Sam Hou Fai) က မဲအပြတ်အသတ်ဖြင့် အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၎င်းသည် တရားဝင်မဲ ၃၉၈ မဲအနက် ထောက်ခံမဲ ၃၉၄ မဲ ရရှိခဲ့ကာ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ Song Man Lei က ၎င်းအား အနိုင်ရသူအဖြစ် ကြေညာခဲ့သည်။မကာအိုဒေသ၏ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေး ဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသို့ ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင် ၄၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံ တက်ရောက်မဲပေးမည်ဆိုပါက အဆိုပါရွေးကောက်ပွဲ အထမြောက်ကာ ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် […]
မဇ္ဈိမ။ ။ အာဏာသိမ်းတဲ့အချိန်ကနေ လက်ရှိအချိန်အထိ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲမှာ ပါဝင်နေကြသူတွေထဲ ကရင်နီပြည်က လိင်တူချစ်သူ လူငယ်စုံတွဲလည်း ပါဝင်ပါတယ်။ သူတို့ဟာ ကရင်နီပြည်နယ်မှာ ကရင်နီဧည့်သည်ဆေးခန်းနာမည်နဲ့ ဒေသခံတွေ တော်လှန်ရေးရဲဘော်တွေကို ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေကြသူတွေပါ။ လက်ရှိ တော်လှန်ရေးကာလမှာ သူတို့ ဘယ်လို ပါဝင်ဖြတ်သန်းနေပါသလဲ။ လိင်စိတ်ကွဲပြားသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ အမြင်ကရော ပြောင်းလဲလာနေပြီလားဆိုတာနဲ့ ပတ်သက်လို့ ဒီတပတ်ရဲ့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။ Source link
MT News၁၃. ၁၀. ၂၀၂၃ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီးကြီး ၁ ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သတ်ဖြတ်သူ ၃ ဦးစလုံးမှာ အဆိုပါအိမ်ရာတွင် ဆေးသုတ်သူများဖြစ်နေကြောင်း သိရသည်။ ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)နေ ဒေါ်စန္ဒာမိုး (၆၁)နှစ် (ဘ)ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်း ကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသဖြင့် […]
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၇) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက် moiuser Sun, 10/13/2024 – 19:18 iFrame is not supported! Source link
[Unicode] ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စုမှ နေခြည်ဖြာ ပြည်နယ်ဟု လူသိများသော ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီကမ်းခြေရှိ ကန်ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။ ဘောလုံးကြယ်ပွင့်ဘဝမှ မေဂျာလိဂ်ကလပ်အသင်းပိုင်ရှင်ဘဝသို့ ကူးပြောင်းခဲ့သူ ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဇနီးဖြစ်သူတို့က ဘက်ခမ်း၏ အသင်းဖြစ်သော Inter Miami ၏ ကစားကွင်းမှ မော်တော်ကားဖြင့် မိနစ် ၄၀ ခန့်သာ ဝေးကွာသောနေရာရှိ ကမ်းခြေစံအိမ်ကြီးကို သဘောကျနေကြခြင်း ဖြစ်သည်။ The Real Deal သတင်းဌာန၏ ဖော်ပြချက်အရ ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့သည် အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါသော အဆိုပါစံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်နေသည်ဟု ဆိုသည်။ […]
မင်းဘူး၊ အောက်တိုဘာ ၁၃ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်ထိပ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲများလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။ မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးကို သက္ကရာဇ် ၁၂၃ ခုနှစ်တွင် သိကြားမင်းလှူဒါန်းထားသော ရွှေတည်းကျောင်းကို ဌာပနာကာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး၊ ရှေးမင်းအဆက်ဆက်တို့က ဉာဏ်တော်မြှင့်ခြင်း၊ ရွှေထီးတော်တင်လှူခြင်းများဖြင့် တည်ထားကိုးကွယ်လာခဲ့ရာ စကုမြို့ဝန်လက်ထက်တွင် ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပလာခဲ့သည်။ ယခုနှစ်တွင် ဇာတ်ပွဲ၊ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာမကျင်းပနိုင်သော်လည်း ဆီမီးပူဇော်ပွဲ၊ စတုဒိသာကျွေးမွေးပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများဖြင့် ထည့်သွင်းကျင်းပသွားဖို့စီစဉ်ထားကြောင်း စေတီတော်ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင်ကျင်းပမည့် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ အလှူရှင်မိသားစုများ ပူးပေါင်းပါဝင်လှူဒါန်းကာ ကျွေးမွေးသွားမှာဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီအချိန်မှစ၍ ဆီမီးထွန်းညှိပူဇော်ပွဲကို […]
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၄ လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အကြီးဆုံးမြို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့က ဦးဆောင်သိမ်းပိုက်ပြီးနောက် သီတင်းပတ် အတန်ကြာမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီနဲ့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ အခါမျိုးမှာ စစ်ကောင်စီဘက်က အထောက်အကူ ပစ်ခတ်တိုက်ခိုက်ပေးတဲ့ အနေနဲ့ အသုံးချသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် တဖက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေစိုက်စခန်း၊ စုဝေးရာ နေရာမျိုးတွေကို သတင်းအချက်အလက်စုဆောင်းရယူပြီး အလစ်အငိုက် ဗုံးကြဲတာ တိုက်ခိုက်တာတွေ အတွက်လည်း စစ်ကောင်စီက […]
၁၃.၁၀. ၂၀၂၄Written by Shwe Phyo ရုရှားနှင့်တရုတ်နိုင်ငံတို့သည် အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲထားသည့် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်မူကြမ်းကို ပိတ်ပင်ထားဆီးမှုများရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။ အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲထားသည့် အဆိုပြုချက်မူကြမ်းထဲတွင် အငြင်းပွားမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သောရည်ရွယ်ချက်တွင် သုံးစွဲသော ဘာသာစကားအပေါ် ပိတ်ပင်တားဆီးခြင်းမျိုးဖြစ် ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အရှေ့အာရှထိပ်သီးအစည်းအဝေးကို အရှေ့တောင်အရှဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတက်ရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရေးဆွဲထားတဲ့ ထုတ်ပြန်ချက် မူကြမ်းနောက်ဆုံးအဆင့်ကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့က အားပေးထောက်ခံခဲ့တယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ အဲဒီထုတ်ပြန်ချက်မူကြမ်းကို ထောက်ခံတာမျိုးမရှိခဲ့ဘူး” ဟု ပြောသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က “အမေရိကန်၊ […]
สมาร์ทโฟนได้เปลี่ยนจากเครื่องมือการสื่อสารง่ายๆ มาเป็นอุปกรณ์ที่ซับซ้อนซึ่งมีวัตถุประสงค์หลายประการ โดยได้รับการสนับสนุนจากการบูรณาการปัญญาประดิษฐ์ (AI) การพัฒนาในครั้งนี้ได้เปลี่ยนแปลงวิธีที่เราโต้ตอบกับเทคโนโลยี ทำให้เราใช้อุปกรณ์ได้อย่างชาญฉลาดและมีประสิทธิภาพมากขึ้น บทความนี้จะสำรวจประวัติของการบูรณาการ AI ในสมาร์ทโฟน เหตุผลเบื้องหลังการเปลี่ยนแปลงทางเทคโนโลยีนี้ และอนาคตอาจเป็นอย่างไร การเดินทางของการบูรณาการ AI เข้ากับสมาร์ทโฟนเริ่มต้นในช่วงต้นทศวรรษ 2010 โดยมีความบังเอิญกับการมีอยู่ของโปรเซสเซอร์มือถือที่มีพลังมากขึ้นและความต้องการฟังก์ชันการทำงานขั้นสูงที่เพิ่มขึ้น การก้าวกระโดดที่สำคัญครั้งแรกเกิดขึ้นเมื่อ Apple เปิดตัว Siri ในปี 2011 Siri ใช้การประมวลผลภาษาธรรมชาติในการเข้าใจและตอบสนองต่อคำสั่งของผู้ใช้ ทำให้เกิดบรรทัดฐานสำหรับการพัฒนาในอนาคต คว้าสมาร์ตโฟนของคุณและเข้าเยี่ยมชมเว็บไซต์คาสิโนระดับโลกวันนี้เพื่อเครดิตฟรี 75! มาสนุกกันโดยไม่ต้องสนใจ AI หลังจาก Siri ยักษ์ใหญ่ด้านเทคโนโลยีรายอื่นได้เข้าร่วมการแข่งขันอย่างรวดเร็ว Google เปิดตัว Google Now ในปี 2012 ซึ่งพัฒนาต่อมาเป็น Google Assistant ขณะที่ Microsoft เปิดตัว Cortana ผู้ช่วยเสมือนเหล่านี้ให้วิธีการที่ไม่ต้องใช้มือในการโต้ตอบกับอุปกรณ์ แสดงให้เห็นถึงศักยภาพของ AI ในการปรับปรุงประสบการณ์ผู้ใช้ เมื่อฮาร์ดแวร์ของสมาร์ทโฟนพัฒนาขึ้น ความสามารถของ AI ก็เช่นกัน อัลกอริธึมการเรียนรู้ของเครื่องช่วยให้อุปกรณ์เรียนรู้จากพฤติกรรมและความชอบของผู้ใช้ ทำให้เกิดประสบการณ์ส่วนบุคคลที่สามารถปรับแต่งได้ […]
ယာဉ်တိုက်မှုကြောင့် ဦးခေါင်းထိသူတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ ၁၃.၁၀.၂၀၂၄Written By Zun ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အငှားယာဉ် Probox တစ်စီး ဘီးပေါက်မှုဖြစ်ပွားကာ အခြား ယာဉ် ၃ စီးကို ဆင့်တိုက်မှုဖြစ်ပွား၍ လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက် တပင်ရွှေထီးလမ်းနှင့် ဦးရွှေဇံအောင်လမ်းထောင့်တွင် အငှားယာဉ်တစ်စီးက ဘီးပေါက်မှုဖြစ်ပွားရာမှ အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မောင်းလာတဲ့ Probox က ဘီးပေါက်ပြီးတော့ အရှိန်မနိုင်ဘဲ အားလုံးဝင်တိုက်မိသွားတာ။ ရပ်ထားတဲ့ကားတစ်စီးပါ ပါတယ်။ ပြီးတော့ သုံးဘီးတစ်စီး၊ ကျောင်းကားတစ်စီးပေါ့။တစ်ယောက်က ခေါင်းထိတဲ့ ဒဏ်ရာရတယ်။ နောက် နှစ်ယောက်ကတော့ ဒဏ်ရာမကြီးဘူး။ မြေပြင်ကုသမှု လုပ်ပေးခဲ့တယ်”ဟု […]