Untamed Heart (1993) IMDb Rating (6.8) Spider-Man ရဲ့ ခပ်ဟော့ဟော့ Aunt May အဖြစ် လူသိများတဲ့ မင်းသမီး Marisa Tomei တယောက် ငယ်ငယ်ကတည်းက ဘယ်လောက်ထိလန်းပြီး ချစ်ဖို့ကောင်းတယ်ဆိုတာ ဒီကားမှာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ…မင်းသားကြီး Christian Slater နဲ့တွဲဖက်ထားပြီး တကယ်ကိုမိုက်တဲ့ အချစ်ဇာတ်ကားလေးပါပဲ။ “ချစ်တယ်ဆိုတာ ဦးနှောက်နဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး ချစ်ရတာပါ၊ တကယ်နှလုံးသားနဲ့ ချစ်ရတာမဟုတ်ဘူး၊ အဲ့တာယုံတမ်းစကား သပ်သပ်ပဲ”“ဒါဆို မင်းမရှိရင် ဘာလို့ အဲ့နေရာက အရမ်းနာကျင်ရတာလဲ” – အရိုင်းဆန်သောနှလုံးသား (1993) ကယ်ရိုလိုင်းက စားသောက်ဆိုင်မှာ ညနက်တဲ့အထိ အချိန်ပိုင်း စားပွဲထိုးရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး အချစ်ရေးလည်း ကံခေသူလေးပါ။ အက်ဒမ်ကတော့ ငယ်ငယ်လေးကတည်းက မိဘတွေမရှိကြတော့လို့ မိဘမဲ့ဂေဟာမှာပဲ ကြီးပျင်းခဲ့ရသူပေါ့။ […]