ylliX - Online Advertising Network

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်

Image via TechSpot အမေရိကန်ပြည်ထောင်စုက အထင်ကရလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ဟာ သူ့တို့ရဲ့လေယာဉ်တွေအားလုံးမှာ Starlink ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုတပ်ဆင်သွားဖို့ရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီတပ်ဆင်မှုဟာ နှစ်အနည်းကြာမြင့်ဖွယ်ရှိပြီး ပထမဆုံးစမ်းသပ်မှုကို ၂၀၂၅ခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ အစီစဉ်အတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် Starlink ဝန်ဆောင်မှုရရှိတဲ့ United Airlines ရဲ့ ပထမဆုံးခရီးစဥ်ကို နောက်နှစ်လောက်မှာ စတင်ပြေးဆွဲလာမှာပါ။ United လေကြောင်းလိုင်းကတော့ လေယာဉ် ၁,၀၀၀ ကျော်မှာ Starlink စနစ်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး ဒီအတိုင်းအတာအလိုက် Starlink ဝန်ဆောင်မှုကို ပံ့ပိုးပေးမယ့် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာမှာပါ။ လေကြောင်းလိုင်းဘက်က အမြန်နှုန်းအတိအကျကိုတော့ ထုတ်ဖော်ထားခြင်းမရှိပေမယ့် လေယာဉ်ထိုင်ခုံနောက်မှာ တပ်ဆင်ထားတဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စမတ်ဖုန်းတွေနဲ့ဖြစ်ဖြစ် Live TV ကြည့်တာ၊ စီးရီးနဲ့ရုပ်ရှင်တွေ ကြည့်တာ၊ ဂိမ်းဆော့တာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ […]

နာမည်ကျော် ကွန်ပျူတာဟာ့ဒ်ဝဲအသားပေးစာနယ်ဇင်းတစ်ခုဖြစ်သည့် Anandtech ၂၇နှစ်အကြာတွင်ရပ်ဆိုင်း

Image via Anandtech နာမည်ကျော် ကွန်ပျူတာဟာ့ဒ်ဝဲအသားပေးစာနယ်ဇင်းတစ်ခုဖြစ်တဲ့ Anandtech ဟာ ဆယ်စုနှစ်၃ခုနီးပါး ကွန်ပျူတာသတင်းတွေကိုတင်ဆက်ပေးခဲ့ပါတယ်။ မနေ့က Anandtech ရဲ့ ဝက်ဘ်ဆိုဒ်မှာ အယ်ဒီတာချုပ်ဖြစ်သူ Ryan Smith က သူတို့အနေနဲ့ တင်ဆက်မှုတွေကိုရပ်ဆိုင်းတော့မှာဖြစ်ကြောင်း နှုတ်ဆက်စကားဆိုသွားခဲ့ပါတယ်။ Anandtech ကို ၁၉၉၇ခုနှစ်မှာ Anand Lal Shimpi ဆိုသူကတည်ထောင်ခဲ့ကာ ၂၀၁၄ခုနှစ်မှာ စာနယ်ဇင်းလောကမှ အနားယူပြီး Apple ရဲ့ M Series ဖန်တီးရာပါဝင်ခဲ့တဲ့ အဖွဲ့သားတစ်ဦးအဖြစ်မဆောင်ရွက်မှီအထိ ဝက်ဘ်ဆိုဒ်ကိုဦးဆောင်ပေးခဲ့ပါတယ်။ Anandtech ဟာ ၁၉၉၇ခုနှစ်မှာ AMD processor တစ်ခုကို စတင် review လုပ်ပြီး နည်းပညာစာနယ်ဇင်း‌လောကထဲဝင်ရောက်ခဲ့သလို ပိတ်သိမ်းချိန်မှာလည်း AMD processor တစ်ခုရဲ့ review နဲ့ပိတ်သိမ်းခဲ့ရတာ ကဗျာဆန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မိမိတို့အနေနဲ့ […]