Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။ စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။ စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။ Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ […]