လိမ်လည်မှုတစ်ခုကြောင့် ဟော့ပေါ့ဆိုင်သူဌေးကြီး ဘဝကနေ ဒေဝါလီခံလိုက်ရပြီးထောင်ကျသွားသူ ဝေ့တုန်းဟာ ၃ နှစ်ကြာတဲ့အချိန်မှာ ထောင်ထဲက ထွက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့ ၃ နှစ်က အမြတ်ကြီးကို မက်ပြီး ရှယ်ယာဈေးကွက်ထဲ ဝင်မိပြီးကိုယ်တိုင်က ဒုက္ခရောက်ရတဲ့အပြင် မိသားစုတစ်ခုလုံးဒုက္ခရောက်ခဲ့တဲ့ ဝေ့တုန်းမှာ ကလဲ့စားချေစရာ ရန်သူကြီးတစ်ယောက် ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဝေ့တုန်းရဲ့ ဇနီးဖြစ်သူကို မူးယစ်ဆေးတွေ ထိုးသွင်းခဲ့ပြီးသတ်ခဲ့တဲ့ ယူနန်က မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး ရှန်းရှစ်ပဲ ဖြစ်ပါတယ်။အခုချိန်မှာတော့ ယူနန်က မူးယစ်တိုက်ဖျက်မှုစီမံကိန်းကြောင့် ရှန်းရှစ်မှာလည်း ပုန်းခိုနေရသူဖြစ်ပါတယ်။ တစ်နေ့မှာ ရှန်းရှစ်ရဲ့ လက်အောက်ငယ်သား ၂ ယောက်က မူးယစ်ပို့တဲ့ လမ်းပေါ်မှာကုန်တင်ကားဆရာတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ပြီး အချင်းချင်း စိတ်မထိန်းနိုင်ဘဲလူသတ်မှုအထိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ ကုန်တင်ကားဆရာကမူးယစ်ဆေးနဲ့ ငွေတွေကို ယူသွားခဲ့တဲ့အတွက် ရှန်းရှစ်တို့အဖွဲ့ဒေါသူပုန်ထပြီး အဲဒီလူကို တွေ့အောင်လိုက်ရှာပါတော့တယ်။ ဝေ့တုန်းတစ်ယောက် […]