DeepSeek ဆိုတာကတော့ တရုတ်နိုင်ငံရဲ့ High-Flyer Capital Management ကနေထွက်ပေါ်လာတဲ့ High-performance open-source နည်းပညာကို အဓိကလေ့လာတဲ့ AI ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။ DeepSeek အနေနဲ့ Reasoning-focused large language model (LLM) ဖြစ်တဲ့ R1-Lite-Preview ကို လက်ရှိမှာ အသုံးချနိုင်ဖို့ စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။ တစ်ချို့စမ်းသပ်ချက်တွေမှာ R1-Lite-Preview ဟာ OpenAI ရဲ့ o1-preview Model နဲ့ လုပ်ဆောင်ချက်တူတူလုပ်ပေးနိုင်တာတွေရှိသလို၊ ပိုကောင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်နိုင်နေတာမျိုးကိုလည်း တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ ၂၀၂၄ စက်တင်ဘာလ မှာစမ်းသပ်ခဲ့တဲ့ R1-Lite-Preview Model ဟာ “chain-of-thought” ဆိုတဲ့ ဆက်စပ်တွေးတောနိုင်စွမ်းကို ပြသပေးနိုင်ခဲ့ပြီး အသုံးပြုသူတွေပေးပို့လာတဲ့အချက်အလက်တွေ၊ မေးခွန်းတွေကို အဆင့်ဆင့်နဲ့ ဘာလို့ဒီလိုဖြစ်တယ်၊ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာမျိုးအထိ […]