(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄ အနီရောင် ပြားပြား ပဲမို့ ပဲနီပြားလို့ ခေါ်တဲ့ ပဲက ရန်ကုန် ရောက်တော့ ပဲကတ္တီပါ တဲ့ အဖြူရောင် ပြားပြား ပဲမို့ ပဲဖြူပြားလို့ ခေါ်တဲ့ ပဲက ရန်ကုန်ရောက်တော့ ပဲထောပတ် တဲ့ မြို့ဟာ အနုပညာသိပ်ဆန်တာပဲ တွံတေးကြီးသီချင်းတပုဒ် ညည်းမိသေးတော့ တောက ရှင်နှောင်း မြို့ရောက်တော့ မခင်နှောင်းတဲ့ အေးလေ ရွာကနေ ရန်ကုန်ပြောင်းသွားတဲ့ ငါ့အစ်မ အုန်းမြိုင်တောင် ဥမ္မာဖြစ်သေးတာပဲ မဆန်းပါဘူး ငါကိုက ဆန်းတယ် ထင်နေတာ စိုနေတဲ့ အဝတ်တွေ နေထုတ်မလှန်းမိသလို မှိုနံ့စွဲနေတဲ့ ရွာအင်္ကျီဟောင်းလေး မြို့တံခါးကြားမှာ ညပ်နေတော့ လွမ်းရတာ နေမကောင်းဘူး။ Join Us @ MoeMaKa Telegramt.me@moemaka […]
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄ ဘယ်နေရာကို သွားရမယ်မှန်း သိရင် အဓိပ္ပာယ်ဟာ ဘဝကို စွပ်ချလိုက်တဲ့ ကြိုးကွင်းပေါ့ ပျော်ပျော်ကြီး သေရဲခဲ့ကြတယ် ထာဝရ သေခြင်းကင်းခဲ့ကြတယ် ဒီလမ်းဟာ မပြည့်ကျပ်ဘူး မရှိတဲ့ တံခါးရဲ့ စစ်မေးခြင်းမှာ စာမေးပွဲအောင်ရမယ် လမ်းရဲ့ ဂမ္ဘီရမှာ လျှောက်ဖို့ ခြေထောက်မှာ ရေစီးသန်တဲ့မြစ်ကို ချိတ်ရတယ် စာအုပ်ဘယ်လောက်ထူထူ လူမမြတ်နိုးရင် လူ မဟုတ်သေးဘူးဆိုတာ သိလို့ ကရုဏာကို လက်ဖျော် ဖျော်ကြတယ် ကမ္ဘာ့ရင်အုပ်ပေါ်က ပုံတူကို မဝင်စား ငွေနဲ့ ညစာရဲ့ တန်ဘိုးကို နေရာပြောင်းလိုက်တဲ့ ကြောင်းကျိုးမှာ အမွန်ဓာတ်ဟာ ချီးမြှင့်မှု အလင်းအလျဥ်ကို နှေးကွေးစေခဲ့ပြီပဲ။ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar […]
(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၄ ငကျားဟာ သူ့အစာ လုစားမယ်အထင်နဲ့ သိပ်ရန်လိုတာပဲ ဘိုဖြူ့မျက်လုံးတွေမှာ ဆာလောင်မှုဟာ သိပ်ကို ပေါ်လွင်လွန်းတယ် ငကျားဟာ သိပ်ထူတာပဲ မတွေ့ဘူး ဘိုဖြူဟာ သိပ်ပါးတာပဲ တွေ့တယ် အရင်လို ထွက်ပြေးနေကျ လမ်းပေါ်မှာ သူ့ခြေထောက်တွေဆီကနေ ပြေးထွက်သွားတဲ့ အရင်လို ခြေထောက်တွေကို ဘိုဖြူဟာ အခုထက် ပို ဆာလောင်မိတဲ့ မျက်ရည်လုံးများကို အရှိုက်နဲ့ ပင့်ကန်လို့ ငကျားက ကိုယ့်အစာကိုယ် အာရုံမစိုက်ဘူး ယဉ်ကျေးမှုအရ အပျင်းဖြေ အညောင်းဆန့်လိုက်ပုံပါပဲ။ ငဇ ၂၀၂၄ Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar Source link