ရွေးကောက်ပွဲတိုင်း ကိစ္စထားတွက်ချက်လေ့ရှိသည့် စီးပွားရေး၊ နိုင်ငံခြားရေး၊ တိုင်းပြည်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး စသည်ရှေးရိုးပုံစံ တို့မှ လွှဲ၍ ယခုနိုဝင်ဘာ၅ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲအတွက် မတူသည့်ရှု့ထောင့်မှ ရေးချပေးပါမည်။ “မဲဝယ်/မဲဆွယ် ဘီလီယံနာနှင့် ဆယ်လက်ဘ်(celebrity)”ယခုနှစ်အကြိမ်ရွေးကောက်ပွဲ၏ကန်ပိန်းသုံးငွေမှာ အမေရိကသမိုင်းတွင် အများဆုံးဖြစ်ပုံရသည်။ ၂၀၂၀ ကဲ့သို့ ဘီလီယံနာကြီးများ ကိုယ်တိုင်ဝင်မပြိုင်တော့ပဲ ငွေပုံ၍ “Kingmaker” လုပ်နေကြခြင်းဖြစ်၏။ ယခုနှစ်ထူးခြားသူများအဖြစ် အီလွန်မတ်စ် နှင့် ဘီလ်ဂိတ်တို့ကိုတွေ့ကြရမည်။ ယခုထိ အီလွန်မတ်စ်မှ ရီပါ့ဗလစ်ကန်ပါတီသို့ ဒေါ် လာ ၁၃၂သန်း ထည့်ဝင်ထားပြီး ဘဏ်သူဋ္ဌေး တင်မသီမဲလ်လွန်၏ သန်း၁၅၀ နောက်မှ ဒုတိယအများဆုံးဖြစ်နေသည်။ ဒီမိုကရက်ဖက်မှာမူ ဘီလ်ဂိတ်မှ သန်း၅၀ နှင့် တဦးသာထင်ရှားရှိသည်။ အောက်တိုဘာလဆန်းပိုင်းက သန်း၄၀ လှူတန်းသူရှိသော်လည်း အမည်မကြေညာပေ။ ပုံမှန်ပါတီဘက်လိုက်လှူနေကျ ဝရမ်ဘူဖေး၊ မက်ခ် ဇက်ကာဘတ်ဂ်နှင့် ဂျက်ဖ်ဘေဇိုစ် […]
Learning English through Activism (10)ယခုလတွင် September 10 က ပြီးဆုံးသွားခဲ့သည့် Kamala Harris နှင့် သမ္မတဟောင်းကြီးတို့ရဲ့ debate ကို activism ရှုဒေါင့်ကနေ ဝေဖန်သုံးသပ်ပြမည် ဖြစ်ပါသည်။ ထိုဖေါ်ပြပါ debate တွင် ဆွေးနွေးညင်းခုန်ကြသည့်အကြောင်းအရာများအနက် အဓိကအားဖြင့် Debate အကြောင်းကို စတင် တင်ပြလိုပါသည်။ အောက်ပါ ဇယားလေးက immigration နှင့် ပတ်သက်၍ Kamala Harris နှင့် သမ္မတဟောင်းကြီးတို့ရဲ့ အမြင်လေးတွေ၊ အနာဂတ်တွင် လုပ်ဆောင်လိုမှုများသာမက၊ စာရေးသူရဲ့ သုံးသပ်ချက်လေးများကို ဖေါ်ပြထားပါသည်? ဒီနေရာမှာ အမေရိကားမှာ နေထိုင်နေကြသူ မြန်မာမျိုးနွယ်ဝင်အားလုံးကို စာရေးသူက တခုဘဲ ပြောလိုပါသည်။ ဘဝကို မမေ့ကြပါနှင့်။ US Citizen ဘဲဖြစ်ဖြစ်၊ […]
“ဗိုလ်ချုပ်ကြီးနေဝင်းပြောသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ” (အောက်တိုဘာ ၉ ၁၉၈၂)(လုပ်သားပြည်သူ့နေ့စဥ် သတင်းစာပါ… မူရင်းအတိုင်း) ကနေ့ပြောမှာကတော့ဖြင့် အရေးကြီးတဲ့ဥပဒေပေါ့လေ၊ မြန်မာနိုင်ငံသားဥပဒေအကြောင်းကိုပဲ ရှင်းပြလိုပါတယ်။ ဒီဥပဒေအကြောင်း ရှင်းပြမယ်ဆိုလို့ရှိရင် နောက်ကဖြစ်ပျက်ခဲ့တာလေးကိုလဲပဲ မဖော်ပြလို့ မဖြစ်ပါဘူး၊ သမိုင်းကြောင်းကို ပြောတဲ့အခါမှာ ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ သဘောမရှိပါဘူး၊ သို့သော်လည်း တကယ့်အဖြစ်အပျက်တွေကို ပြောရတာမို့လို့ တစ်ခါတလေ ထိများထိခိုက်မလားတော့ မပြောတတ်ဘူး၊ သို့သော်လည်း မထိခိုက်စေချင်ပါဘူး၊ ကျွန်တော် ရှောင်ပြီးတော့ပြောဖို့ ကြိုးစားပါမယ်။ ကျွန်ဘဝမြန်မာပြည်ရဲ့ အခြေအနေကို ပထမဦးဆုံး ကျွန်တော်ပြောပြပါမယ်၊ ၁၈၂၄ ခုနှစ် ဗမာပြည် တစ်စိတ်တစ်ဒေသကို နိုင်ငံခြားက အုပ်ချုပ်သွားပြီးတဲ့နောက်၊ တစ်ဆင့်ပြီးတစ်ဆင့် စစ်ပွဲတွေဖြစ်ကြပြီးတော့၊ ကျွန်တော်တို့တိုင်းပြည်ဟာ၊ နိုင်ငံ ၁ ခုလုံး ကျွန်ဘဝရောက်သွားခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ […]
Myanmar Gazette Sept-Oct 2024 Source link
“အိမ်နီးချင်း ပထမ “ မဆလခေတ်နှင့် စစ်အာဏာရှင်ခေတ်တခုလုံး မှောင်ခိုပစ္စည်းများ၏ ဧရာမစျေးကွက်ကြီးရခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ဆီမှ အကျိုးအမြတ်များစွာရခဲ့ဖူးသည်။ ယခုအာဏာသိမ်းကာလတွင်လည်း ရလတံ့ပေါ် လစီထားခဲ့ပုံပေါ်ပါသည်။စျေးပေါ ပြန်မလှန်ရဲသော အလုပ်သမားများ သန်းချီရသည်ဖြစ်၍ တိုင်းပြည်အား စီးပွားရေးအင်အားကြီးဖြစ်အောင် မောင်နှင်နိုင်ခဲ့သော်လည်း ဘန်ကောက်မြို့ကြီး၌ပင် ကွန်ဒိုအဝယ်အများဆုံးနိုင်ငံ( ချိုင်းနား၊ ရုရှား၊ မြန်မာ၊ အမေရိက – ၂၀၂၃)ဝင် မြန်မာတို့ဖြစ်လာသောအခါ မျက်ဖြူစဆိုက်လာပုံရပါသည်။ မြန်မာတို့၏ တိုင်းပြည်ဂျီဒီပီထက် များသော ဝင်ငွေမှာ ကမ္ဘာ့ ပထမထုတ်ကုန်ဖြစ်ကြသည့် မက်သ်ခေါ် ရာဘနှင့် ဘိန်းတို့မှဖြစ်ပြီး အိုင်တီခေတ်တွင် ခေတ်နှင့်အမှီလိုက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများမှ လည်း ဒေါ်လာဘီလီယံချီဝင်ခဲ့ကြသည်။ထိုထို ငွေမည်းတို့ လိုသည်ထက်ပိုစီးဝင်လာသောအခါ ထိုင်းနိုင်ငံရေးလည်း အကျင့်ပျက်ခြစား အာဏာလုတို့ဖြင့် မတည်မငြိမ်ဖြစ်ရပေပြီ။ ဝန်ကြီးချုပ်အပြောင်းအလဲ ပါတီဖြုတ်ထုတ်သတ်များနှင့် စစ်အာဏာသိမ်းတို့ဖြင့်ရှုပ်ထွေးလျက်နေပါ၏။ စာရင်းချုပ်သော် မြန်မာပြည်၏ […]
နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့(၉) Activism လုပ်ငန်းကို နှစ်ရှည်လများ စွဲပြီးလုပ်လာသူ မြန်မာ Activists တိုင်း ရန်ဘက်များ opponents နှင့် ရန်သူများ enemies များနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ အပြန်အလှန်ထိုးနှက်ချက်များကို မလွှဲသာမရှောင်သာ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ မိမိရဲ့ရန်သူကို ထိထိမိမိ ထိုးနှက်နိုင်ဖို့၊ ရန်ဘက်ရဲ့၊ ရန်သူရဲ့ထိုးနှက်ချက်ကို ပညာပါပါ ပြန်လည်ချေပနိုင်ဖို့ The art of insult ကို နားလည်တတ်ကျွမ်းဖို့ လိုလာပါပြီ။ ဒီပညာဟာ ထင်သလောက် မလွယ်ပါ။ အင်္ဂလိပ်လိုတော့ It is easier said than done လို့ ဆိုရမှာပါ။ တိမ်မယောင်နဲ့နက်ပါတယ်။ လွယ်မယောင်နဲ့ ခက်ပါတယ်။ You need […]