ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့(အောက်တိုဘာ ၁၆ ရက်)တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းသီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၄၂၀) ခန့်ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကာ နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဈေးရောင်းပွဲတော်သို့ လာရောက်သူများအား သွားလာရေးလွယ်ကူစေရန် အကြို/အပို့ကားများကိုလည်း စီစဉ်ထားသလို ပွဲတော်ရက်အတွင်း စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ […]
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ၃ ရက်ကြာ MSME ထုတ်ကုန် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ကြေညာထားပါတယ်။ MSME ထုတ်ကုန်ဈေးရောင်းပွဲတွင် အဓိကထုတ်ကုန်များအပါအဝင် အခြားသော ထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါင်းရောင်းချခြင်းဖြင့် မိမိတို့ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူ အားပေးလာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများအတွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများ ရရှိစေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးအတွင်း၌ ဈေးရောင်းပွဲတော်များ၊ စက်မှုထုတ်ကုန်များကို ရောင်းချခြင်းဖြစ်ပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ […]