RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]
RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။ အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပကဖ အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) […]
RNA_နိုဝင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများကို ရိက္ခာနှင့်အထွေထွေအသုံးစရိတ် ပေးပို့နေသည့်မှာ ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားသည်။ “PRF – People’s Revolution Supply Family ရဲ့ ထောက်ပို့တပ်သားတွေဆီကနေ ရရှိတဲ့ငွေတွေကို တပ်ရင်းတွေရဲ့ ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပါတယ်။ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ် တွေကို ပို့ရာမှာလည်း လစဉ်ပို့ဆောင်တာမျိုးမဟုတ်ပဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တကြိမ်ပို့ဆောင်တာမျိုး လုပ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တကြိမ်ပို့မယ်ဆိုရင် အမေရိကန်ဒေါ်လာ တသန်းကျော် ကျသင့်ပါတယ်” ဟု “ပြည်သူလူထု နှင့် […]
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ […]
RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ Photo : Cobra Column Fundraising Team မြဝတီမြို့ တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး တခုတည်းကျန်ရှိနေသော စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ရရှိထားပြီဖြစ်သည့်အတွက် လေးကေ့ကော်ကို ပြန်ရရှိခြင်း ဖြစ်သည်ဟု ပြောကြားနေကြသည်။ #RedNewsAgency #RNA Source link