မင်္ဂလာပါရှင့်။ ကျွန်မနာမည်ကတော့ လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ Spiceworks Myanmar Co., Ltd. တွင် Assistant Admin အဖြစ် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။ ကျွန်မ အမှတ်တရအနေဖြင့် ဒီနေ့ sharing လုပ်ပေးချင်တာကတော့ ၂၀၂၄.၀၅.၀၅ ရက်နေ့မှ စတင်ပြီး ၂၀၂၄.၁၁.၀၂ ရက်နေ့အထိ ကျွန်မ ပြုပြင်ပြောင်းလဲလာခဲ့တဲ့ ကျွန်မ၏ Body Weight Gain Journey အကြောင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပြည့်ဝလာဖို့ဆိုတာ ကျွန်မလို ခန္ဓာကိုယ် ပုံမှန်ထက် ပိန်တဲ့ skinny girl တိုင်းရဲ့ အိမ်မက်တွေထဲက အိမ်မက်တစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုလျှင် ပုံမှန်ထက်ပိန်နေတော့ ready-made အဝတ်အစားတွေ ရွေးချယ်တဲ့အခါ size က အမြဲတမ်း အခက်အခဲ တွေ့ရတတ်ပြီး […]

အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်မှာတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတအဖြစ် peripheral neuropath (အာရုံကြောအားနည်းခြင်း) အကြောင်းအရာကို sharing လုပ်ပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ စာဖတ်သူတို့ အာရုံကြောအားနည်းခြင်းဆိုတာကိုသိကြပါသလားရှင့်။ အာရုံကြောအားနည်းခြင်းဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ အာရုံံံကြောအားနည်းခြင်း အမျိုးအစားပေါင်းများစွာရှိပါတယ်။ ထိုအထဲကမှ အဓိကအားဖြင့် လေးမျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်။ Motor Neuropathy : ကြွက်သားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားခြင်းကို ထိန်းချုပ်ပေးသော အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခြင်း။ Sensory Neuropathy : အာရုံခံစားမှုများဖြစ်သော အထိအတွေ့ ၊ အပူအအေး နှင့် နာကျင်မှု စသော အာရုံခံစနစ်ကို ထိန်းချုပ်ပေးနိုင်သော အာရုံကြောတွေ ပျက်စီးခြင်း။ Autonomic Neuropathy : အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းစသည့်တို့ကို အလိုအလျောက်လုပ်ဆောင်ပေးသော အာရုံကြောစနစ်ထိခိုက်ပျက်စီးခြင်း။ […]
အားလုံးပဲ မင်္ဂလာပါ။ညီမကတော့ နီလာဌေး ပါ။ ဒီနေ့ ဘလော့ဂ်အတွက် Healthy Lifestyle ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ထားပါတယ်။ ညီမတို့ နေ့စဉ်ဘဝမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ နောက်ပြီး စိတ်ရော၊ ကိုယ်ရော ကျန်းမာနေဖို့ လိုအပ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျန်းမာနေတုန်းမှာတော့ သတိမထားမိပေမယ့် မကျန်းမာတဲ့အခါမှာ သတိထားမိကြမယ် ထင်ပါတယ်။ နေမကောင်းဖြစ်ရင် ဆေးခန်းပြရတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ရောဂါရဲ့ ဝေဒနာကို ခံစားနေရတာအပြင် ပိုက်ဆံလည်း ပိုကုန်ပါတယ်။ နောက်ပြီး အခုအခြေအနေအရ လူတော်တော်များများမှာ စိတ်ဖိစီးမှုတွေ အရင်ကထက် ပိုပြီးများလာကြတယ်။ အဲ့ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကပါ ကျန်းမာရေးနဲ့ မညီညွတ်နိုင်တော့ဘူး။ အလုပ်သဘောအရလည်း အထိုင်များလာကြတယ်။ နောက်ပြီး အလုပ်ရှုပ်တဲ့အတွက် အသင့်စား (Fast Food) တွေ […]
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီဇော် ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဘာသာစကား တစ်ခု သင်ယူတာနဲ့ ပတ်သက်ပြီး ရရှိလာမယ့်အရာတွေကို ပြောပြပေးသွားပါမယ်ခင်ဗျ။ ဘာသာစကား သင်ယူရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက် မတူကြပါဘူး။ ဝါသနာပါလို့၊ စိတ်ဝင်စားလို့၊ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့၊ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ ဘာသာစကား အသစ် တစ်ခုခုကို ရည်ရွယ်ချက် ကိုယ်စီနဲ့ သင်ကြပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်တွေကလည်း ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ဘာသာစကား အသစ် တစ်ခု မသင်ခင် မိမိကိုယ်ကို မေးရမည့် အကြောင်းအရာ တချို့ကို ပြောပြပါမယ်။ ဘာသာစကား သင်တဲ့သူက မသင်တဲ့သူထက် ရတဲ့ အချိန်က နည်းတတ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ပြီး အချိန်ဇယားတွေနဲ့ သင်ကြရတဲ့သူတွေဆိုရင် […]