၁။ ဤ Campaign (KEB Hana နှင့် K PLUS မှ ပြည်ပငွေလွှဲလက်ခံရင်း ငွေသားဆုများ ကံထူးနိုင်မည့် အထူးအစီအစဉ်) သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉) ရက် မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ အထိကြာမြင့်မည် ဖြစ်ပါသည်။ (ငွေလွှဲပေးပို့သည့် ရက်စွဲနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤ Campaign ကာလအတွင်း အကျုံးဝင်ရမည်။) ၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ KEB Hana နှင့် K PLUS သုံးစွဲသူ ကမ္ဘောဇဘဏ် Customer များကို ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ငွေသားဆုများကံစမ်းနိုင်မည့် အခွင့်အရေးရရှိနိုင်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ […]