ylliX - Online Advertising Network

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးကျောင်းဆောင် ပြုပြင်မွမ်းမံ

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ လှူဒါန်းမှုဖြင့် အခြေခံပညာအထက်တန်း ကျောင်းဆောင် ပြုပြင်မွမ်းမံမှု ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။စာသင်ကျောင်းဆောင် မွမ်းမံတည်ဆောက်ပြုပြင်မှုအတွက် တရုတ်နိုင်ငံ၏ ကူညီလှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအတွက်လည်း ပိုမိုနက်ရှိုင်းစွာ အကျိုးရှိစေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် ၁၄ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်ကို ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ထိုသို့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွင် ခေါင်မိုးအသစ်မိုးခြင်း၊ စာသင်ဆောင်ရှေ့တွင် သဲဖို့ကွန်ကရစ်လောင်းခြင်း၊ ကျောင်းဆောင်ယာဘက်ရေကန်အား သဲဖို့ခြင်း၊ မှန်ပြတင်းများပြုပြင်ခြင်း စသည်တို့ပါဝင်‌ကြောင်း ဦးစိုးသိန်းက […]