ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက ကျိုဒိုသတင်းအေဂျင်စီက ဒီနေ့ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို အီရန်ဘက်က ယူရေနီယမ် သန့်စင်ဖို့အတွက် ပိုပြီးအဆင့်မြင့်တဲ့ ဗဟိုခွါစက်အသစ်တွေ တည်ဆောက်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အီရန်အစိုးရကတော့ အမေရိကန်မှာလာမယ့် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဆွေးနွေးပွဲကို လာမယ့်သောကြာနေ့မှာ လုပ်သွားမှာ ဖြစ်တယ်လို့ […]