Image via Anandtech နာမည်ကျော် ကွန်ပျူတာဟာ့ဒ်ဝဲအသားပေးစာနယ်ဇင်းတစ်ခုဖြစ်တဲ့ Anandtech ဟာ ဆယ်စုနှစ်၃ခုနီးပါး ကွန်ပျူတာသတင်းတွေကိုတင်ဆက်ပေးခဲ့ပါတယ်။ မနေ့က Anandtech ရဲ့ ဝက်ဘ်ဆိုဒ်မှာ အယ်ဒီတာချုပ်ဖြစ်သူ Ryan Smith က သူတို့အနေနဲ့ တင်ဆက်မှုတွေကိုရပ်ဆိုင်းတော့မှာဖြစ်ကြောင်း နှုတ်ဆက်စကားဆိုသွားခဲ့ပါတယ်။ Anandtech ကို ၁၉၉၇ခုနှစ်မှာ Anand Lal Shimpi ဆိုသူကတည်ထောင်ခဲ့ကာ ၂၀၁၄ခုနှစ်မှာ စာနယ်ဇင်းလောကမှ အနားယူပြီး Apple ရဲ့ M Series ဖန်တီးရာပါဝင်ခဲ့တဲ့ အဖွဲ့သားတစ်ဦးအဖြစ်မဆောင်ရွက်မှီအထိ ဝက်ဘ်ဆိုဒ်ကိုဦးဆောင်ပေးခဲ့ပါတယ်။ Anandtech ဟာ ၁၉၉၇ခုနှစ်မှာ AMD processor တစ်ခုကို စတင် review လုပ်ပြီး နည်းပညာစာနယ်ဇင်းလောကထဲဝင်ရောက်ခဲ့သလို ပိတ်သိမ်းချိန်မှာလည်း AMD processor တစ်ခုရဲ့ review နဲ့ပိတ်သိမ်းခဲ့ရတာ ကဗျာဆန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မိမိတို့အနေနဲ့ […]