ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ ၇၁ နှစ်ပြည့်မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့ (နိုဝင်ဘာ ၃) ရက် နံနက်ပိုင်းက မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။ (Xinhua) Source link
ကလေးငယ်တွေရဲ့ အချစ်တော် ဆင်မကြီးမိုမိုရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ကို သူနေထိုင်ရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပဲ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ “မိုမိုရေ..”လို့ခေါ်လိုက်တာနဲ့ “ဝူး..” ဆိုပြီး ပြန်ပြီး ထူးတတ်တဲ့ ဆင်မကြီးမိုမိုဟာ အခုမှာတော့ ဖွားဖွားမိုမိုဖြစ်နေပါပြီ။ ကယားပြည်နယ် လွိုင်ကော်မြို့မှာနေတဲ့ မိုမိုရဲ့ မူလသခင် ဦးခွန်ဆန္ဒဟာ သူကောင်းမွန်စွာ အနားယူနိုင်ဖို့ ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လှူဒါန်းခဲ့ပါတယ်။ သူ့နာမည်ကို မိုမိုလို့ ခေါ်တွင်စေတာကတော့ ဦခွန်ဆန္ဒရဲ့ ဇနီးဖြစ်သူ နော်မိုမိုရဲ့ အမည်ကို ဂုဏ်ပြုပေးခဲ့တာပါ။ အရပ်အမြင့် ၇ပေ၉လက်မ ၊ ကိုယ်ထည်လုံးပတ် ၁၅၀ လက်မရှိတဲ့ ဆင်မကြီးမိုမိုဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်တဲ့ […]