ylliX - Online Advertising Network

ဒီကနေ့နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့ မှာဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖိုရှိသလဲ?

(၁) မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် စစ်ကိုင်းဒေသခံတွေ ဆက်လက်ရပ်တည်ရေး ခက်ခဲတဲ့သတင်း (၂)ငဖဲက ချင်းရွာတွေမှာ ငှက်ဖျားဆေးပြတ်လို့ ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့သတင်း (၃)ဟောင်ကောင်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄၅ ဦး တရုတ်ဥပဒေတွေနဲ့ ထောင်ချခံလိုက်ရတဲ့သတင်း (၄)ထိုင်းနိုင်ငံမှာ ရေဝက်တွေ သေဆုံးမှု မြင့်တက်လာပြီး မျိုးတုံး ပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့သတင်း (၅)လစ်လပ်နေတဲ့ အားကစားဒါရိုက်တာနေရာကို အာဆင်နယ်အသင်းလိုက်လံရှာဖွေနေတဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link

ထိုင်းဘတ်‌‌ဈေး တက်ရိပ်ပြ ၊ ၁၆၈ ရက်မြောက် ရွှေဈေးမဖွင့် (နိုဝင်ဘာ ၁၉) – Dawei Watch

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၁၆၈ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၁၅၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ငွေလဲနှုန်းမှာ တက်ရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၉၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ Source link

ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (အောက်တိုဘာလ ၁၃ မှ ၁၉ ရက်အထိ)

(၁) “ဒီတစ်ပတ် စစ်ခေါင်းဆောင်တွေ ဘယ်တွေသွားပြီး ဘာတွေပြောခဲ့ကြသလဲ”(၂)“NCA ကိုးနှစ်ပြည့် စစ်ခေါင်းဆောင်ပေးတဲ့ မက်ဆေ့”(၃)“မြန်မာမှာ ပြည်ပအဖျက်အမှောင့်တွေရှိတယ်ဆိုတဲ့ စစ်ခေါင်းဆောင် တရုတ်သွားမယ်”(၄) “စစ်ကောင်စီသီပေါ ပါတော်မူခန်း”(၅)“နှစ် ၂၀ ကျော်စခန်းကုန်းသိမ်းပွဲ”(၆)“တရုတ်ဖိအားအောက်က KIA ရဲ့ ရုန်းထမှု(သို့မဟုတ်) ပန်ဝါမြို့သိမ်းပွဲ”(၇)“ဗစ်တိုးရီးယားအမှုလိုက်ရှေ့နေ အီတလီက လူ့အခွင့်အရေးဆုရ” Source link

“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ”   ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။   အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။   ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။   စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။   ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ […]

“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“ကျပ်ငွေဈေး ပြန်ကျ”   ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေများခဲ့ပြီး အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေပဲ စစ်ကောင်စီလက်အောက်ခံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။   စစ်ကောင်စီဗဟိုဘဏ်က အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းကိုရောင်းချပေးခဲ့သလို ထိုင်းတစ်ဘတ်ကို ၁၁၆ ကျပ်နီးပါးနှုန်းနဲ့ သန်း ၂၀၀ နီးပါးအထိ ရောင်းချပေးခဲ့တယ်လို့ သူတို့ရဲ့ FX အွန်လိုင်းဈေးကွက်မှာ ကြေညာထားပါတယ်။   ဒါပေမဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေဈေးတွေဟာ အမြင့်ဈေးတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာက အဲဒီအမြင့်ဈေးတွေနဲ့ ပြန်ပိတ်သွားခဲ့ပါတယ်။   ဒီတစ်ပတ် အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ လေးရက်လုံး အကျဈေးမှာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရက်တွေအတွင်း ငွေကြေးဈေးကွက်ထဲ […]

ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်

Credit to Popular Journal – ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၁၇ ရက်ည ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းသည် ထိုင်းပင် လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိ အားနည်းရပ်ဝန်း၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့်ဖြစ်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။ ထို့ပြင် အချို့ဒေသများ၌ […]