#World_NewsPublished 17 October 2024 ▪️ ကမ္ဘာပေါ်ရှိ မိန်းကလေးငယ် ၈ ဦးမှာ ၁ ဦးနှုန်း၊ တစ်နည်းအားဖြင့် ယနေ့အသက်ရှင်နေသေးတဲ့ အမျိုးသမီးပေါင်း သန်း ၃၇၀ ကျော်ဟာ အသက် ၁၈ နှစ်မပြည့်ခင် မုဒိမ်းကျင့်ခံရခြင်း ဒါမှမဟုတ် လိင်ပိုင်းစော်ကားခံရခြင်း ကြုံတွေ့ဖူးတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။ ▪️ အွန်လိုင်းနဲ့ အပြောအဆိုပိုင်းဆိုင်ရာလိုမျိုး မထိတွေ့ရတဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေကိုပါ ထည့်တွက်ရင် လူပေါင်းသန်း ၆၅၀ ဒါမှမဟုတ် ၅ ဦးလျှင် ၁ ဦးနှုန်းအထိ မြင့်တက်သွားကြောင်း UNICEF ယူနီဆက်ဖ်က ဖော်ပြထားပါတယ်။ ▪️ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ အများဆုံး ထိခိုက်ခံရသလို ယောကျ်ားလေး သန်း ၂၄၀ […]