ဩစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်နေပြီး မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရာမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ထုတ်ဖော်နေလို့ မြန်မာပြည်သူတွေအတွက် အခိုင်အမာ ရပ်တည်နေတယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိနေပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးကို လမ်းဖွင့်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းသွားဖို့အတွက် စစ်ကောင်စီထံ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက တောင်းဆိုသွားပါတယ်။ ဩစတြေးလျ နိုင်ငံဟာ ပဋိပက္ခတွေကြားက စစ်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ကိုးသန်း ထောက်ပံ့ပေးသွားမယ်လို့ […]