ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း Source link
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းသို့သွားရောက်၍ ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများတွင် အသုံးပြုမည့် Lighting System ၊ LED ၊ အသံစနစ်နှင့် လျှပ်စစ်မီးများတပ်ဆင်နေမှု၊ စင်မြင့်တည်ဆောက်နေမှု၊ အားကစားကွင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလံများ၊ ဝန်ကြီးဌာနအလိုက် အလံများချိတ်ဆွဲထားရှိမှု၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားသမားများ […]
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာလ(၈)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။ ဦးစွာ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ ၃၂၀ ၏ အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မှာကြားရာတွင် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်အားဖြင့် တစ်လခန့်သာကျန်ရှိတော့ကြောင်း၊ ကျောင်းသူများ၏ အကအလှများသည် အားကစားပွဲတော် […]
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ(၄)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်မည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။ ပြည်ထောင်စုဝန်ကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် နေရာ၊ LED တပ်ဆင်မည့်နေရာနှင့် မီးများတပ်ဆင်အသုံးပြုမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားသမားများ ဝင်/ထွက်သွားလာမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေတင်ဆက်မည့် သီချင်းများအလိုက် ဆက်တင်ပစ္စည်းများ ထည့်သွင်းအသုံးပြုမည့် အစီအစဉ်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပဉ္စမအကြိမ် […]
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း Source link