အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ မေးခွန်း(၁) – လယ်ယာမြေကို အိမ်ဆောက်၊ ဆိုင်ခန်းဆောက် ၊အခြားနည်းဖြင့် အသုံးပြုရန်အတွက် မည်သို့လျှောက်ထားနိုင်ပါသနည်း။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရယူလိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၃၀ နှင့် အညီ တိုင်းဒေသကြီး ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။ လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်လျှောက်လွှာဖြင့် အောက်ပါအချက်အလက်များ ပါဝင်ကာ သက်သေခံမြေပုံနှင့်အတူ ပုံစံ-(၁၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ – လျှောက်ထားသူ၏ အမည် – မှတ်ပုံတင်အမှတ် – အဘအမည် – အလုပ်အကိုင် – အမြဲနေထိုင်သည့်နေရပ်လိပ်စာ – လျှောက်ထားသည့်မြေ၏ အကြောင်းအရာ – […]