ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ကာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားလေးဦးကို သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ဟု နစကထုတ်ပြန်သောသတင်းအရ သိရသည်။ အဆိုပါဖြစ်စဥ်သည် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသေနတ်သမားများက ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ (၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ CRD/ Source link
မကွေး၊ အောက်တိုဘာ ၂၇ သတင်းပေးပိုချက်အရ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရွာမကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့အား အောက်တိုဘာလ ၂၇ ရက် (ယနေ့) လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PDF အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ ကျည်ကာ ၁ ထည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link