Pixar ဟာ တလောတုန်းက Disney+ အတွက် လုပ်ငန်းတာဝန်တွေအများကြီးမလုပ်တော့မှာမို့လို့ ဝန်ထမ်း ၁၇၅ ယောက်တောင် လျှော့ချလိုက်တဲ့သတင်းကို ဖတ်မိမယ်ထင်ပါတယ်။ ဒီလိုလျှော့ချပြီး အရင်က Pixar စံတစ်ခုနဲ့ အရည်အသွေးကို ဘယ်လိုပြန်လည်ထိန်းသိမ်းမလဲဆိုတာနဲ့ပက်သက်ပြီး သတင်းထပ်မံထွက်ရှိလာပါတယ်။ အဲ့ဒါကတော့ အရင်ကအောင်မြင်ပြီးသား Pixar ရုပ်ရှင်တွေကို sequel ထွက်ရှိဖို့ လုပ်မှာပဲဖြစ်ပါတယ်။ Pixar ဟာ ကြမ်းတမ်းတဲ့နှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာ သူတို့ကုမ္ပဏီကို အရင်လိုပြန်ဖြစ်ဖို့ ချဉ်းကပ်နည်းကို သိပ်မဟန်ဘူးမြင်ပေမယ့် ဘယ်လိုလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဘာလို့ဆို အခုအချိန်မှာ တော်တော်များများက reboot, spin-off, sequel ဆိုတာတွေကို ကြားချင်၊ မြင်ချင်တာမဟုတ်လို့ပါ။ Finding Nemo နဲ့ The Incredibles ရုပ်ရှင်တွေကို လာမယ့်နှစ်အတွင်း sequel ထွက်ရှိဖို့ခေါင်းထဲမှာရှိတယ်လို့ Pixar ဥက္ကဌ Jim […]