ylliX - Online Advertising Network

စိုးရိမ်ဖွယ် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေး

ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။ မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ရုရှားက ယူကရိန်းကို တိုက်လာတာ သုံးနှစ်ကျော်လာပါပြီ။ အခုကြတော့မှ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တစ်သောင်းလောက်ကို ရုရှားမှာ သင်တန်းတွေပေးတယ်။ နောက် နယ်စပ်ကို တပ်ဖွဲ့ဝင်တွေကို နေရာချထားပေးတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ ရုရှားဘက်က အရေးနိမ့်လာတဲ့ အခြေအနေ ဖြစ်လာလို့ပါလား။ ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ […]

တရုတ် စွက်ဖက်မှုနဲ့ တိုင်းရင်းသားအရေး

တိုင်းရင်းသားအင်အားစုတွေရဲ့ ၁၀၂၇ ထိုးစစ်ကို လွှတ်ပေးထားခဲ့တဲ့ တရုတ်ဟာ အခုအခါ သူတို့ကို ထိန်းချုပ်ပြီး စစ်ကောင်စီကို ပုံအောထောက်ပံ့လာပါတယ်။ ဒါဟာ သူ့အကျိုးစီးပွါးအတွက် တချိန်က မိတ်ဆွေဖွဲ့ထားတဲ့ လူမျိုးစုအရေးကို တရုတ်က စွန့်လွှတ်စတေးလိုက်တာလား။ Source link

ရှေ့မတိုးနိုင်တဲ့ အာဆီယံ ဓာတ်ပြားဟောင်း

အသေးစိတ် ဖတ်ရှုရန် Show less မကြာခင်က ပြီးဆုံးသွားတဲ့ ဗီယင်ကျန်း အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ မြန်မာ့ပြဿနာအတွက် ယခင်မူ (၅) ချက်ကိုပဲ ဆက်လက်ကိုင်စွဲဖို့ ချမှတ်သွားပါတယ်။ ဒီ အာဆီယံထိပ်သီးတွေနဲ့ ဆွေးနွေးဘက်ခေါင်းဆောင်များ တွေ့ဆုံမှုက မျှော်လင့်နိုင်စရာ တစုံတရာ ပေါ်ထွက်ခဲ့ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင် က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။ Source link