ylliX - Online Advertising Network

မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – စက်တင်ဘာ ၂၀၂၄

“အိမ်နီးချင်း ပထမ “ မဆလခေတ်နှင့် စစ်အာဏာရှင်ခေတ်တခုလုံး မှောင်ခိုပစ္စည်းများ၏ ဧရာမစျေးကွက်ကြီးရခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ဆီမှ အကျိုးအမြတ်များစွာရခဲ့ဖူးသည်။ ယခုအာဏာသိမ်းကာလတွင်လည်း ရလတံ့ပေါ် လစီထားခဲ့ပုံပေါ်ပါသည်။စျေးပေါ ပြန်မလှန်ရဲသော အလုပ်သမားများ သန်းချီရသည်ဖြစ်၍ တိုင်းပြည်အား စီးပွားရေးအင်အားကြီးဖြစ်အောင် မောင်နှင်နိုင်ခဲ့သော်လည်း ဘန်ကောက်မြို့ကြီး၌ပင် ကွန်ဒိုအဝယ်အများဆုံးနိုင်ငံ( ချိုင်းနား၊ ရုရှား၊ မြန်မာ၊ အမေရိက – ၂၀၂၃)ဝင် မြန်မာတို့ဖြစ်လာသောအခါ မျက်ဖြူစဆိုက်လာပုံရပါသည်။ မြန်မာတို့၏ တိုင်းပြည်ဂျီဒီပီထက် များသော ဝင်ငွေမှာ ကမ္ဘာ့ ပထမထုတ်ကုန်ဖြစ်ကြသည့် မက်သ်ခေါ် ရာဘနှင့် ဘိန်းတို့မှဖြစ်ပြီး အိုင်တီခေတ်တွင် ခေတ်နှင့်အမှီလိုက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများမှ လည်း ဒေါ်လာဘီလီယံချီဝင်ခဲ့ကြသည်။ထိုထို ငွေမည်းတို့ လိုသည်ထက်ပိုစီးဝင်လာသောအခါ ထိုင်းနိုင်ငံရေးလည်း အကျင့်ပျက်ခြစား အာဏာလုတို့ဖြင့် မတည်မငြိမ်ဖြစ်ရပေပြီ။ ဝန်ကြီးချုပ်အပြောင်းအလဲ ပါတီဖြုတ်ထုတ်သတ်များနှင့် စစ်အာဏာသိမ်းတို့ဖြင့်ရှုပ်ထွေးလျက်နေပါ၏။ စာရင်းချုပ်သော် မြန်မာပြည်၏ […]