စုံတွဲတစ်တွဲဟာ တည်းခိုခန်းမှာ အတူတည်းခိုနေစဥ် အမျိုးသားဖြစ်သူကသတ်လို့ အမျိုးသမီးသေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ရန်ကုန်မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(င) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊အမှတ် (၁၆၆) မှာရှိတဲ့ New Luck တည်းခိုခန်းမှာ ဒီကနေ့ နိုဝင်ဘာလ ၉ ရက်၊ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အသတ်ခံရသူက အသက် ၄၀ နှစ်အရွယ် ဒေါ်အေးအေးအောင် ဆိုသူဖြစ်တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၃ ရက်ခန့်ကတည်းက အဲဒီတည်းခိုခန်းရဲ့ အခန်းအမှတ် (၁၀၄) မှာ အသက် ၂၈ နှစ်အရွယ် ရဲရင့်အောင်ဆိုသူနဲ့အတူ လာရောက်တည်းခိုနေတာလို့ သိရပါတယ်။ လက်ရှိမှာ သတ်ဖြတ်သွားတဲ့ […]