ylliX - Online Advertising Network

အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေဆဲ

လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲဟာ နှစ်ပတ်ဝန်းကျင်ပဲလိုပါတော့တယ်။   ဒါပေမဲ့ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့နှစ်ယောက်မှာ ဘယ်သူနိုင်မလဲဆိုတာ အခုအချိန်ထိ ကြိုတင်ခန့်မှန်းဖို့ ခက်နေဆဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။   မီချီဂန်၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်စ်ကွန်ဆင် စတဲ့နေရာတွေဟာ ဒီမိုကရက်တွေအတွက် အောင်မြေတွေဖြစ်ပါတယ်။ အဲဒီနယ်မြေတွေမှာ ဒီမိုကရက်တွေ အမြဲအနိုင်ရလေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။   ဒါပေမဲ့ အဲဒီနယ်မြေတွေမှာကိုပဲ အကြိုစစ်တမ်းရလဒ်တွေအရ ဟဲရစ်ဟာ ထရမ့်ထက် တစ်မှတ်လောက်ပဲ အသာရနေတဲ့ အနေအထားဖြစ်ပါတယ်။   ဒါကြောင့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲဟာ ဘယ်လောက်ပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတာကို တွေ့မြင်နိုင်သလို ဘယ်သူနိုင်သွားမလဲဆိုတာ ခန့်မှန်းဖို့မလွယ်ကူတဲ့ အခြေအနေဖြစ်စေပါတယ်။ အဲဒီပြည်နယ်သုံးခုမှာ အခုလိုဖြစ်တာက နှစ်ပေါင်း […]