RNA_နိုဝင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများကို ရိက္ခာနှင့်အထွေထွေအသုံးစရိတ် ပေးပို့နေသည့်မှာ ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားသည်။ “PRF – People’s Revolution Supply Family ရဲ့ ထောက်ပို့တပ်သားတွေဆီကနေ ရရှိတဲ့ငွေတွေကို တပ်ရင်းတွေရဲ့ ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပါတယ်။ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ် တွေကို ပို့ရာမှာလည်း လစဉ်ပို့ဆောင်တာမျိုးမဟုတ်ပဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တကြိမ်ပို့ဆောင်တာမျိုး လုပ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တကြိမ်ပို့မယ်ဆိုရင် အမေရိကန်ဒေါ်လာ တသန်းကျော် ကျသင့်ပါတယ်” ဟု “ပြည်သူလူထု နှင့် […]
မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ နီးပါးအထိ မြင့်တက်လာဖွယ်ရှိနေဟု IMF ခန့်မှန်း – Myanmar Transparency News Source link
Credit to Popular Journal – ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့်အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၂) ရက်တွင် ငွေလဲနှုန်း (၃၅၆၁) ကျပ်ဖြင့် အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ငွေလဲနှုန်း (၁၁၅.၉)ကျပ်ဖြင့်ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထုတ်ရောင်းပေးခဲ့သည်။ ထို့ပြင် အောက်တိုဘာလ (၂၁) ရက်တွင်လည်း FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ (၃၅၅၆) ကျပ်ဖြင့်ဒေါ်လာ (၂.၂၀၃) သန်းနှင့် တစ်ယွမ် (၅၂၂) ကျပ်ဖြင့် တရုတ်ယွမ် […]