အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်သည့် အမ်းမြို့နယ်ရှိတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု အာရက္ခတပ်တော် (AA) က ယနေ့ (အောက်တိုဘာ ၂၅ ) တွင် ပြောသည်။ အမ်းမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ကာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာကာ မြို့နယ် တစ်ခုလုံး သိမ်းပိုက်ရန်အထိ စစ်ရေးကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ “အမ်းမြို့မှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရေး တိုက်ပွဲဆက်ပြင်းထန်နေတယ်။ ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်လို့ပြင်းထန်နေတယ်။ မောင်တောမှာ၊ နောက်ဆုံးလက်ကျန် စခန်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ် “ဟု AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။ တိုက်ပွဲအခြေအနေအသေးစိတ်အချက်အလက်များကို လတ်တလောထုတ်ပြော၍ မရသေးဟု ၎င်းက ဆိုသည်။ AA သည် စစ်ရေးအရအရေးပါသော မဲတောင်ဗျူဟာကုန်းစခန်းကို […]