ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ ကျန်တယ်။ အကောင် သုံးဆယ်ကျော်ခိုးသွားတယ်။ပြီး တော့ ဝက်လည်းပျောက်တယ် ခနနပဲ”လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း နာမ်ရှယ်ကျေးရွာထဲက ကျောင်းဆရာမတွေနေတဲ့အဆောင်ဖောက်ထွင်းခံရပြီး လက်ကိုင်ဖုန်း(ခလုတ်ဖုန်း)၊ပါဝါဘတ်နဲ့ ငွေသားတွေခိုးယူခံလိုက်ရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။ “ဆရာမတွေနေတဲ့အိမ်တောင်ဝင်ခိုးသွားတယ်လူလစ်တဲ့ချိန်ဝင်ခိုးတာ ပိုက်ဆံက ကျောင်းရံပုံငွေတွေဆယ်သိန်းကျော်ခိုးသွားတယ်ပြီးတော့ဆရာတွေရဲ့ဖုန်းနဲ့ ပါဝါဘတ်တွေပါသွားတယ် မိတဲ့ခိုးတဲ့လူကိုတော့ အခုအချုပ်ခန်းပို့လိုက်တယ်”လို့ နောက်ထပ် ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ကျောင်းဆရာမတွေရဲ့နေအိမ်ဖောက်ထွင်းခိုးယူသူနှစ်ဦးဟာ နမ်ရှယ်ကျေးရွာနေ အသက် ၂၀ ကျော်အမျိုးသားတစ်ဦးနဲ့အသက် ၃၀ ကျော်အမျိူးသားတစ်ဦးတို့ဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကဖမ်းဆီးကာပူတာအိုမြို့မရဲစခန်း ရှိချုပ်ခန်းမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။ […]