ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး ယမန်နေ့ (နိုဝင်ဘာ ၁၀) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ နပခဌာနချုပ်ထဲသို့ လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်၊ အပြန်တွင် ပစ်ခတ်ခံရပြီး မင်းဘူးခရိုင် ၊ စေတုတ္ထရာမြို့နယ် ၊ ကံပေါက်ရွာအနီး လယ်ကွင်းများအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောသည်။ အာရက္ခတပ်တော် (AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူ ရခိုင်ဒေသခံတစ်ဦးက ယမန်နေ့က အမ်းဘက်မှ ပြန်လာ သည့် ရဟတ်ယာဉ် ၂ စီးအနက် တစ်စီး ပစ်ခတ်ခံရပြီး လယ်ကွက်များအတွင်း […]
Breaking News (အမ်း) နိုဝင်ဘာ ၉ ရက် (ယနေ့)မနက်ပိုင်းအချိန်က မ ၃၇၁ အနီးရှိ အကြမ်းဖက် AA များအား Drop Bomb ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းရာ –(၁) AA အလောင်းများ (ရေတွက်ဆဲ)(၂) သေနတ် ၁၅ လက် AK-47 ၅ လက် M-22 ၄ လက် MA-1 ၂ လက် MA-2 ၁ လက် MA-3 ၃ လက်(၃) ခဲယမ်းများ၊ လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့ပါသည်။ နယ်မြေဆက်ရှင်းနေဆဲဖြစ်တဲ့အတွက် အလောင်း/ လက်နက်များ ထပ်တိုးရရှိပါက ထပ်မံဖော်ပြပေးပါမည်။ အလောင်းကောက်ပြီး ပြန်ပြန်ပြေးတတ်တဲ့ အကြမ်းဖက် AA လည်း အခုတော့ အလောင်းတောင် […]