Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဦးငါးမင်းဆွေ အား အမှုထားခြင်းဖြစ်ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ ၎င်းအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးငါးမင်းဆွေက ” ကျွန်တော် နှုတ်ဆက်စကားလေးပေါ့ဗျာ။ ကျွန်တော်ကို အခု ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်ဗျ။ လာခေါ်ရတဲ့အကြောင်းက ရန်ကုန် လှိုင်မြို့နယ်မှာ ကျွန်တော်ကို ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ အဲ့ဒီကိစ္စနဲ့ ကျွန်တော်ကို လာခေါ်တာပေါ့ဗျာ။ ကျွန်တော်ကို ရန်ကုန် ပို့မှာပေါ့။ ၅၀၅(က)နဲ့ […]
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားမက်ဖြစ်သူဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုမူလုပ်ဆောင်ခဲ့သဖြင့် Dr Nay Soe Maung Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား အောက်တိုဘာ ၂၃ ရက်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။ ဒေါက်တာနေစိုးမောင်သည် ဗိုလ်ချုပ်တင်စိန်(ငြိမ်း)၏ သားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သားသမက် တော်စပ်ကာ ကိုနေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ထို့အတူ ဒေါက်တာနေစိုးမောင်သည် ပရဟိတနှင့် လူမှုရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသလို ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားချက်အပေါ် တပ်မတော်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မကြာခဏ ၎င်းအား ပြန်လည်ဝေဖန်မှုများရှိသည်။ NLD အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီး […]