Skip to content သင့်မှာ ဘယ်လိုအိပ်မက်မျိုး ရှိပါသလဲ။ ကိုယ့်အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ချင်တဲ့ သူတို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဘယ်လိုနည်းလမ်းကောင်းတွေက အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကူညီပေးမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။ ဆုံးခန်းတိုင် လျှောက်လှမ်းပါ ကိုယ့်အိပ်မက်ကို စတင်အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရှုံးပေးချိန်စိတ်များ ကိုယ့်ရဲ့အိပ်မက်ခရီးလမ်းကို ထိုနေရာမှာတင်ပဲ ရပ်တန့်ပစ်ချင်တဲ့စိတ်များ ပေါ်လာပါလိမ့်မယ်။ ထိုအချိန်မှာ ရပ်တန့်ပစ်လိုက်မယ်ဆိုရင်တော့ သင်သည် သင့်အိပ်မက်များကို အရှုံးပေးလိုက်တာနဲ့ အတူတူပါပဲ။ အကြောက်တရားများကို ရင်ဆိုင်ပါ ကိုယ်လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့အခါ ကိုယ် မသိလိုက်တဲ့အချိန်မှာပဲ အကြောက်တရားက ဘွားခနဲပေါ်လာတတ်ပါတယ်။ ထိုအကြောက်တရားက ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကို လုယူလိုက်တာမျိုး အဖြစ်မခံပါနဲ့။ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမယ့်အစား စိတ်ကူးယဉ်နေတာမျိုးပဲ အဖြစ်မခံပါနဲ့။ အ အောင်မြင်သူများကို […]