မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ရေဘေးပြန်လည်ထူထောင်ရေးအနေနဲ့ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာက အိမ် ၅ လုံးကို အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်းနဲ့ လှူဒါန်းခဲ့ပါတယ်။ “သဘာဝဘေးဒဏ် ခံစားရတဲ့ ဒေသတွေ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် ပိုသူလှု လိုသူကူ မိသားစုတွေ နဲ့လည်း လှုဒါန်းခဲ့ကြပါတယ်။ ရေကြီးလို့ လူတွေ ရုတ်တရက် အသက်ကိုပင်လုပြီး ပြေးကြရတာကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ရင်ဆိုင်ကြသူတွေ အိမ်လုံးကျွတ် ရေနဲ့ပါသွားတာ ဘာတစ်ခုမှမကျန်အောင် ဆုံးရှုံးရကြတာမို့လေ။ ကျွန်တော်တို့ လောကသားတွေအပြင် စေတနာရှင်တွေရဲ့ ပါဝင်လှူဒါန်းမှုကြောင့် လှူဒါန်းမှုတွေနဲ့ အစားအသောက်တွေ ဆေးဝါးစတာတွေကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ခုကတော့ လူနေအိမ်တစ်လုံးကို ကျပ် ၃၅ သိန်းနှုန်းနဲ့ အိမ် ၅ လုံးစာ ဆောက်လှူဖြစ်တာပါ”လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက […]