Plank ထောက်ခြင်းဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုကို အားကောင်းစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သား ၊ Glutes ၊ ပခုံးကြွက်သား၊ Biceps နဲ့ အောက်ပိုင်းကြွက်သားတွေကိုပါ ထိရောက်မှုရှိပါတယ်။ တစ်နေ့ ၁၅ မိနစ်ခန့် Plank လေ့ကျင့်ခန်း ပုံစံအမျိုးမျိုး ပြုလုပ်ပေးမယ်ဆိုရင် စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီးပျော့ပျောင်းမှုနဲ့ ကိုယ်ဟန်အနေအထားကို တိုးတက်စေကာ ဝမ်းဗိုက်အဆီတွေကို ကျစေမှာဖြစ်ပါတယ်။ Plank လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်တည်ငြိမ်မှုကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေဖို့ ကူညီပေးပါတယ်။ အခုပြောပြပေးမှာကတော့ ဗိုက်ကြွက်သား တွေ သန်မာစေမယ့် အထိရောက်ဆုံး Plank လေ့ကျင့်ခန်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ (၁) Forearm Plank Source : Marcus Filly ယောဂကျင့်စဉ်မှာတော့ […]