နိုဝင်ဘာ ၂၄ ရက်နေ့က ရှီကာဂိုမြို့ရှိ Ping Tom Parkမှာ ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS အဖွဲ့ဝင် Jungkook ပုံစံတူပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အနိုင်ရရှိသူက အမေရိကန်ဒေါ်လာ ၂၀ နဲ့ ဆိုဂျူ ၁ ပုလင်းရရှိပါတယ်။ အနိုင်ရရှိတဲ့သူကတော့ သူ့ရဲ့follower တွေက Jungkook နဲ့တူတယ်လို့ ပြောခဲ့ကြတဲ့ Content Creator အန်ဒရူး အလက်ဇန္ဒားဆိုသူပါ။ သူဟာ Jungkook နဲ့တူဖို့အတွက် Jungkook ရဲ့လက်မှာထိုးထားတဲ့ တက်တူးအတိုင်း လိုက်ထိုးခဲ့ရပြီး နားပေါက်တွေလည်းဖောက်ခဲ့ရပါတယ်လို့ သိရပါတယ်။ အန်ဒရူးက အင်တာနက်အသုံးပြုသူတွေဆီက မှတ်ချက်အမျိုးမျိုးရခဲ့ပါတယ်။ တချို့က Jungkook နဲ့မတူဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ကို ချစ်စရာတော့ကောင်းပါတယ်တဲ့။ အင်တာနက်အသုံးပြုသူတစ်ဦးကဆိုရင် အမေရိကန်ဒေါ်လာ ၂၀ နဲ့ဆိုဂျူ ၁ […]
ဟောင်ကောင်က ဖခင်တစ်ဦးဟာ သမီးဖြစ်သူရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့လုပ်ခဲ့ပေမဲ့ စေတနာအမှားလေးဖြစ်သွားခဲ့ပါတယ်။ သမီးဖြစ်သူက ဟောင်ကောင်မှာ ပြုလုပ်မယ့် Blackpink အဖွဲ့ဝင် လီဆာရဲ့ Fan Meeting Tour ပွဲလက်မှတ်ကို လိုချင်ခဲ့ပြီး သူ့ကို ပွဲလက်မှတ်ဝယ်ပေးဖို့ ပြောခဲ့တာပါ။ အဲ့ဒီနောက် ဖခင်ဖြစ်သူက Blackpink အဖွဲ့ဝင်လီဆာရဲ့ပွဲလက်မှတ်လို့ ထင်ပြီး လက်မှတ် ၂ စောင်သွားဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့သမီးကို လက်မှတ်တွေပေးလိုက်တဲ့အချိန်မှာ လက်မှတ်မှားဝယ်လာခဲ့မှန်းသိခဲ့ရပါတယ်။ သူ မှားယွင်းဝယ်လာခဲ့တဲ့လက်မှတ်တွေက နိုဝင်ဘာလ ၂၃ နဲ့ ၂၄ ရက်တွေ့မှာ ကျင်းပမယ့် ဟောင်ကောင်အဆိုတော် လီဇာဝမ်ရဲ့လက်မှတ်တွေဖြစ်နေခဲ့တာပါ။ လီဆာရဲ့ပွဲလက်မှတ်တွေကို ပြန်ဝယ်ပေးခဲ့ရပါတယ်။ နိုဝင်ဘာလထဲမှာ လီဇာနဲ့ လီဆာတို့ရဲ့ပွဲ ၂ ခုလုံးကို ကြည့်ခွင့်ရတော့မှာမို့ သမီးဖြစ်သူကတော့ ပျော်ရွှင်နေပါတယ်။ Blackpink အဖွဲ့ဝင် လီဆာရဲ့Fan Meeting […]
RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွားပြီ […]