အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော် ၊ နိုဝင်ဘာ ၁၅ အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့သည့် မြန်မာ့ ရေကူးအားကစားအဆင့်အတန်း ယခုထက်ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ Multipurpose Hall ၌ ဖွင့်လှစ်ခဲ့သည့်ရေကူးနည်းပြသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၂၉ ဦးတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော နည်းစနစ်ကျွမ်းကျင်သူ အမေရိကန်နိုင်ငံမှ Mr. Buddhi Manoj Abeysinghe […]
အိုလံပစ်နောက်ခံသမိုင်း ရှေးဟောင်းအိုလံပစ် အားကစားပြိုင်ပွဲများ (The Ancient Olympic Games) အိုလံပစ်အားကစားပြိုင်ပွဲသည် လွန်ခဲ့သောနှစ်ပေါင်း (၂၈၀၀) (ခရစ်တော် မပေါ်မီ B. C. 776) ခန့်ကပင် ဂရိနိုင်ငံ၊ အေသင်မြို့အနီးရှိအိုလံပီယာ (Mount Olympia) တောင်ခြေတွင် ကျင်းပခဲ့သော ဂရိလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များမှ စတင်ခဲ့သည်။ သမိုင်းသုတေသီများ၏ တူးဖေါ် တွေ့ရှိချက်များအရ အဆိုပါ ပြိုင်ပွဲများကို B.C (1300) မတိုင်မီကပင် ကျင်းပခဲ့ကြကြောင်း လေ့လာသိရှိရသည်။ ဂရိတို့၏ ကိုးကွယ်ရာ အဓိကနတ်ဘုရားမ (Mother Goddes RHEA) ကို အလေးထားကိုးကွယ်မှုပြုရာမှ အဆိုပါပြိုင်ပွဲများကို ပွဲလမ်းသဘင်အဖြစ် ထည့်သွင်းကျင်းပခဲ့ကြပြီး၊ နောက်ပိုင်းတွင် အိုလံပစ်ပြိုင်ပွဲ၏ အဓိက နတ်ဘုရားမှာ (ZEUS) ဖြစ်လာခဲ့သည်။ […]