ylliX - Online Advertising Network

အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်ရပ်မှု ယနေ့ စတင် – Dawei Watch

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်ရပ်စဲရေးသဘောတူညီမှုသည် ယနေ့ (လက်ဘနွန်စံတော်ချိန် နံနက် ၄ နာရီ)မှ စ၍ အသက်ဝင်လာခဲ့ပြီး ၁၄ လကြာနီးပါး စစ်ရေးပဋိပက္ခအား ယာယီအဆုံးသတ်သွားစေခဲ့ပြီ ဖြစ်သည်။ အမေရိကန်နှင့် ပြင်သစ်အစိုးရတို့၏ ကြားဝင်စေ့စပ်ပေးမှုအရ ဖြစ်ပေါ်လာခဲ့သည့် အပစ်ရပ်ရေး သဘောတူညီမှုအရ အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များကို ရက် ၆၀ အတွင်း ဆုတ်ခွာသွားစေရမည် ဖြစ်သည်။ ယင်းသို့ပင် လက်ဘနွန်နိုင်ငံ လိတနီမြစ်တောင်ပိုင်းရှိ ဧရိယာများမှ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်များကိုလည်း ဆုတ်ခွာစေရမည် ဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်မှာ လက်ရှိစစ်ရေးပဋိပက္ခ ရေရှည်ရပ်ဆိုင်းသွားရန် ရည်ရွယ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆိုသည်။ “ဒီအပစ်ရပ်စဲရေးကြေညာချက်က ဒေသတွင်းတည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းပြီး နှစ်နိုင်ငံစလုံးက ဒေသခံတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း […]